?bph6

Place your ads here!

အီဂျစ်ရထား နှစ်စီးတိုက်မှု လူ ၄၂  သေဆုံး ၁၀၀ ကျော်ဒဏ်ရာရ

အီဂျစ်နိုင်ငံ အလက်ဇန်းဒီးယား ကမ်းရိုးတမ်းမြို့မှာ မနေ့က ရထားနှစ်စီးတိုက်မိခဲ့ပြီး အနည်းဆုံး လူ ၄၂ ဦး သေဆုံး ခဲ့ကာ   ၁၃၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲ့ဒီရထားနှစ်စင်းဟာ ဒေသစံတော်ချိန် ညနေ ၂ နာရီလောက်မှာ တိုက်မိခဲ့တာဖြစ်ပြီး  တိုက်မိချိန်မှာ ကိုင်ရိုဘက်ကလာတဲ့ရထားနဲ့ ပေါ့တ် ဆတ်မြို့ကလာတဲ့ ရထား၂ စင်း လုံးဟာ ပိရမစ်ပုံစံလေထဲမြောက်တက် သွားခဲ့တယ်လို့ မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါ တယ်။

အဲ့ဒီတိုက်ခိုက်မှုထဲ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ကယ်ဆယ်မှုတွေပြုလုပ်ပေးကြဖို့ အီဂျစ်သမ္မတက ကယ်ဆယ်ရေးအဖွဲ့တွေကို ညွှန်ကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရထားလမ်းလွဲမှုကြောင့်ဖြစ်ပြီး စက်ချို့ယွင်းလို့ရပ်ထားတဲ့ ရထားနဲ့ လမ်းကြောတစ်ခုထဲမှာ တွေ့ဆုံကာ တိုက်မိခဲ့တာဖြစ်တယ်လို့ မီးရထားဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အီဂျစ်မှာ အခုလို ရထားတိုက်မှုတွေမကြာခဏ ဖြစ်လေ့ရှိပြီး ၂၀၁၂ ခုနှစ်တုန်းကလည်း  ကိုင်ရိုမြို့ တောင်ပိုင်းမှာ ရထားနဲ့ ကျောင်းကားတစ်စီး တိုက်မှုကြောင့် လူ ၅၀သေဆုံးခဲ့ပြီး အများစုက ကလေးငယ်တွေပဲ ဖြစ်ကြပါတယ်။

အလားတူဖြစ်ရပ်မျိုးကိုလည်း ၂၀၀၂ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၆၀ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

adv_banner