?bph6

Place your ads here!

တိုက်ခိုက်မှုလုပ်ခဲ့ရင် မြောက်ကိုရီးယား  ဆိုးရွားတဲ့ ဒုက္ခတွေကြုံရမယ်လို့  သမ္မတ ထရမ့်ပြော

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ကြေညာထားတဲ့ အတိုင်း ဂူအမ်ကျွန်းကို တိုက်ခိုက်ခဲ့မယ်ဆိုရင်တော့ ကြီးမားတဲ့ ဒုက္ခဆိုးတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ အ မေရိကန် သမ္မတဒေါ်နယ်ထရမ့် ကပြောပါတယ်။

ဒေါ်နယ်ထရမ့်က အမေရိကန် နိုင်ငံပိုင်နက် ဘေးကင်း လုံခြုံမှုတွေရှိနေမှာဖြစ်တယ်ဆိုတာကို ယုံကြည်စေလိုတယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ  ဇူလိုင် ၁၀ ရက်နေ့က တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယား ရဲ့အခြေနေ ဟာ အလွန် အန္တရယ်ရှိနေတယ်ဆိုတာကိုပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန် စစ်အခြေစိုက် စခန်းတွေ ရှိတဲ့ ဂူအမ်ကျွန်းကို ဒုံးကျည် ၄ စင်းနဲ့တိုက်ခိုက်မှုတွေလုပ်မယ်လို့ ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းတိုက်ခိုက်မယ်လို့ ပြောခဲ့တာကြောင့် ကမ္ဘတဝှမ်း စိုးရိမ်မှုမြင့်တက်နေပါတယ်။

 သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ဟာ တိုက်ခိုက်မှုတွေလုပ်ခဲ့မယ်ဆိုရင် စစ်ရေးနည်းလမ်းကလွဲပြီး အခြား ရွေးချယ်စရာမရှိဘူးလို့ ပြောပါတယ်။

adv_banner