WeChat, Weibo နဲ့ Baidu Tieba လူမှုကွန်ရက်တွေ့ စုံစမ်းစစ်ဆေးခံနေရ

တရုတ်နိုင်ငံရဲ့ လူသိများထင်ရှားတဲ့ လူမူကွန်ရက်တွေဖြစ်တဲ့ WeChat, Weibo နဲ့ Baidu Tieba တို့ဟာ နိုင်ငံရဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေတွေ ချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေး ခံနေရတယ်လို့ တရုတ် ရဲတပ်ဖွဲ့က ပြောပါတယ်။  

အဲဒီ လူမူကွန်ရက်သုံး မီဒီယာတွေဟာ သူတို့ရဲ့ ဝက်ဘ်ဆိုက်ဒ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲနဲ့ ပူးပေါင်း ဆောင်ရွက်တာ မရှိဘဲ အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ ဖော်ပြမှုတွေ၊ ကောလဟလနဲ့ တခြား ညစ်ညမ်းတဲ့ အရာတွေကို ဖော်ပြရာမှာ အသုံးပြုခံနေရတယ်လို့ ဆိုင်ဘာ လုံခြုံရေးအဖွဲ့က ပြောပါတယ်။

လူမှုကွန်ရက်သုံး မီဒီယာသုံးခုဟာ ကမ္ဘာတဝန်းမှာ ထင်ရှားတဲ့ မီဒီယာ ပလက်ဖောင်းတွေဖြစ်ပြီး တရုတ်မှာ သန်းချီ သုံးစွဲနေပါတယ်။ တရုတ်နိုင်ငံမှာ ဖုန်းနဲ့တဆင့် သုံးစွဲမှုများပြားနေပြီး ပိုစ့်တွေကိုလည်း ဖုန်းနဲ့ တဆင့်တင်ကြပါတယ်။

တရုတ်နိုင်ငံမှာ လူမူကွန်ရက်သုံးစွဲချိန် ထောက်လှမ်းမှုပိုင်းနဲ့ ဆင်ဆာပိုင်းဆိုင်ရာ ထိန်းချုပ်မှု ရှိနေပေမယ့် နိုင်ငံသားအများစုဟာ အဲဒီ လူမူကွန်ရက်တွေကို အဓိကထား အသုံးပြုနေပါတယ်။

adv_banner