ပါကစ္စတန်ရဲ့မာသာထရီဆာ သေဆုံး

ပါကစ္စတန်နိုင်ငံ ရဲ့ မာသာထရီဆာလို့ ထင်ရှားတဲ့ ရက်ပီဖာ ဆိုတဲ့အမျိုးသမီးကြီး ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။  

ဂျာမနီနိုင်ငံသူ ရက်ပီဖာ ဟာ ပါကစ္စတန်ထဲက အနာကြီး ရောဂါသည်တွေအတွက် ဘဝတစ်လျှောက်လုံး အပင်ပန်းခံကာ ကုသပေးခဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်ရှိပါပြီ။

သူဟာ ပါကစ္စတန်နိုင်ငံ ကရာချိမြို့က ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ရက်ပီဖာ ဟာ ၁၉၆၀ ခုနှစ်က ပါကစ္စတန်နိုင်ငံကို ပထမဆုံး အကြိမ်ရောက်ရှိခဲ့ပြီး အဲဒီအချိန်က ပါကစ္စတန်နိုင်ငံမှာ အနာကြီးရောဂါ ဖြစ်ပွားနေသူတွေကိုတွေမြင်ကာ ဂရုဏာသက်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံတဝန်းမှာ အနာကြီးရောဂါ ကုသရေးစင်တာတွေကို ကွယ်လွန်ချိန်အထိ နှစ်ပေါင်း ၆၀ နီးပါး ကုသပေးခဲ့သူဖြစ်ပါတယ်။

ရက်ပီဖာဟာ ဆင်းရဲ တဲ့နိုင်ငံ တစ်နိုင်ငံကို ရောက်ရှိလာပြီး အနာကြီးရောဂါဖြစ်နေတဲ့ သူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်အောင် ပြုစုကုသမှုတွေအပြင် တခြားလိုအပ်တဲ့ ကူညီမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ်ကလည်း ရက်ပီဖာဟာ ဂျာမနီနိုင်ငံမှာ မွေးပေမယ့်သူ့ရဲ့နှလုံးသားထဲမှာ ပါကစ္စတန်ပြည်သူတွေသာ ရှိခဲ့တယ်လို့ပြောပါတယ်။

adv_banner