?bph6

Place your ads here!

Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအများဆုံးရသူတွေထဲမှာ ထိပ်ဆုံးမှာ ၅ နှစ်ဆက်တိုက်ရပ်တည်နိုင်ခဲ့တဲ့ ကယ်ဗင်ဟာရစ်

စကော့တန် နိုင်ငံသား ကယ်လ်ဗင် ဟားရစ်ဟာ ဖော့စ် (Forbes) မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်တဲ့ ဝင်ငွေ အများဆုံးရတဲ့ DJ သမားတွေအနက် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ကယ်လ်ဗင် ဟားရစ်ဟာ DJ သမားတွေထဲမှာ ဝင်ငွေအများဆုံး ရသူတွေရဲ့ ထိပ်ဆုံးနေရာကို ၅ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကယ်လ်ဗင် ဟာရစ်ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း ဝင်ငွေ စုစုပေါင်း ပေါင် ၃၇ ဒသမ ၄ သန်း ရရှိခဲ့တယ်လို့ Forbes က ဖော်ပြခဲ့ပါတယ်။

ကယ်လ်ဗင် ဟားရစ်ဟာ တစ်နှစ်အတွင်း ဖျော်ဖြေပွဲတွေအပြင် ကေတီပယ်ရီ၊ ဝီလျှံတို့ အပါဝင် DJ တေးဂီတနဲ့ ပတ်သက်ပြီး ထုတ်လုပ်မှုတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် နှစ်စပိုင်းကလည်း Funk Wav Bounces – Vol 1 ကလည်း DJ ဆိုင်ရာ တေးအယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့ရာကနေ ဝင်ငွေများစွာ ရခဲ့ပါတယ်။

 

adv_banner