?bph6

Place your ads here!

ဆန်းချက်ဇ်ကို တပတ်လုပ်ခ ပေါင် ၃ သိန်းပေးပြီး စာချုပ်တိုးဖို့ အာဆင်နယ် ပြင်ဆင်

အာဆင်နယ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ကို ဆက်ထိန်းထားနိုင်ဖို့ တပတ်လုပ်ခ ပေါင် ၃ သိန်းရစေမယ့် စာချုပ်သစ် တိုးမြင့်ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။

ဆန်းချက်ဇ်ကို အပြောင်းအရွှေ့ကာလအတွင်းမှာ မန်စီးတီး၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ပါတယ်။ ဆန်းချက်ဇ်နဲ့ အာဆင်နယ်တို့ရဲ့ လက်ရှိစာချုပ်ဟာ ရာသီကုန်ချိန်မှာ သက်တမ်းကုန်မှာ ဖြစ်ပြီး အာဆင်နယ်အသင်းက တပတ်လုပ်ခ ပေါင် ၂၂၅၀၀၀ နဲ့ စာချုပ် သစ်ချုပ်ဖို့ ကမ်းလှမ်းခဲ့တာကို ငြင်းဆန်ခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာ အာဆင်နယ်နဲ့ ချုပ်ဆိုမယ့် စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း လိုချင်တယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အာဆင်နယ်က အဲဒီ ပမာဏာအတိုင်း ကမ်းလှမ်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်က စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းမှုကို လက်ခံမှု ရှိ၊ မရှိဆိုတဲ့အချက်ကို အတိအကျ မသိရသေးဘူးလို့  ဗြိတိန်အခြေစိုက် သတင်းစာတွေက ဖော်ပြပါတယ်။

adv_banner