လာအိုတပ်ဖွဲ့တွေ သတ်မှတ်ရက်အတွင်း မဆုတ်ရင် တိုက်မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးပြော

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က  သူတို့နိုင်ငံထဲကို လာအိုနိုင်ငံက တပ်ဖွဲ့တွေ ဝင်ရောက်မှု ရှိနေပြီး လာအိုတပ်ဖွဲ့တွေ အနေနဲ့ သြဂုတ် ၁၇ ရက် နောက်ဆုံးထားကာ နိုင်ငံထဲက ထွက်သွားဖို့နဲ့ နိုင်ငံထဲက မထွက်ရင် တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

လာအိုနိုင်ငံ အစိုးရတပ်ဖွဲ့ဝင် ၃၀ ဦးဟာ ကမ္ဘောဒီးယား ပိုင်နက်ထဲကို ရောက်ရှိနေပြီး ဆတန် ထရန် လမ်းတည်ဆောက်မှုကို အနှောက်အယှက်ပေးနေလို့ အဲဒီကိစ္စအတွက် လာအို အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့  ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

အဲဒီ တပ်ဖွဲ့တွေ ရောက်နေတဲ့ နေရာဟာ လာအိုနဲ့ နယ်ချင်းထိနေတဲ့ ကမ္ဘောဒီးယားရဲ့ နိုင်ငံတကာ ဧရိယာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံပိုင်နက်ထဲကို လာအိုတပ်ဖွဲ့တွေ ဝင်ရောက်တပ်စွဲနေမှု အပေါ် သည်းခံစိတ် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း၊ လာအိုတပ်ဖွဲ့တွေအနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း နိုင်ငံကနေ မထွက်ရင် တိုက်ခိုက်သွားမှာ ဖြစ်ပြီး စစ်ကြေညာသွားမှာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်က နိုင်ငံပိုင်နက်ကို ပြန်ရယူဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

adv_banner