?bph6

Place your ads here!

မက္ကဆီကို အကျဉ်းထောင်အတွင်း တိုက်ခိုက်မှု ၉ ဦးသေ

မက္ကဆီကိုနိုင်ငံ၊ ရေနိုဆာမြို့က အကျဉ်းထောင်မှာ  တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် အနည်ဆုံး ထောင်သား ၉ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ပြောပါတယ်။  

ရေနိုဆာထောင်မှာ ဆူပူမှုကို ဒေသခံရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီး ဒဏ်ရာရတဲ့ အကျဉ်းသားတွေကို နီးစပ်ရာ ဆေးရုံတွေဆီ ပို့ခဲ့ရပါတယ်။ မက္ကဆီကိုနိုင်ငံက အကျဉ်းထောင်တွေမှာ မကြာခဏ ဆူပူမှုတွေ ဖြစ်ပေါ်ပါတယ်။

မက္ကဆီကိုနိုင်ငံက ထောင်တွေထဲမှာ မူးယစ်ဂိုဏ်းတွေဟာ အချင်းချင်း တိုက်ခိုက်လေ့ ရှိကြပြီး ဇူလိုင်လတုန်းကလည်း အကျဉ်းသား အချင်းချင်း ဓားထိုးမှု ဖြစ်တာကို အကြောင်းပြုကာ တိုက်ခိုက်မှု ဖြစ်လို့ ၄ ဦးသေခဲ့ပါသေးတယ်။

adv_banner