အမေရိကန် မိန်းကလေးက သူငယ်ချင်း မျက်နှာကို ရေနွေးပူနဲ့ ပက်၊ သတ်သေဖို့ ကြိုးစား

အမေရိကန်၊ နယူးယောက်မြို့က ကျောင်းသူတစ်ဦးဟာ သူ့သူငယ်ချင်းရဲ့ မျက်နှာကို ရေနွေးပူနဲ့ ပက်ပြီးနောက် ကိုယ်ကို ကိုယ်သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အသက် ၁၂ နှစ် အရွယ်ရှိ အေနီရာ ဂရမ် စတက် ဟာ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ  အသက် ၁၁ နှစ် အရွယ်ရှိ အိပ်ပျော်နေတဲ့ မာရစ်ရဲ့ မျက်နှာကို ရေနွေးပူနဲ့ ပက်ခဲ့တာကြောင့် ရာဇာဝတ်မှုဆိုင်ရာ စွဲချက်တင်ခံထားရပါတယ်။

စတက်ဟာ သူငယ်ချင်းဖြစ်သူ မျက်နှာကို ရေနွေးပူနဲ့ လောင်းခဲ့ပြီးနောက် သူ့ကိုယ်ကို ဓားနဲ့ ပြန်ထိုးသတ်ဖို့ ကြံစည်ခဲ့တာကြောင့် ဆေးရုံမှာ အစောင့်အရှောက်တွေနဲ့ နေထိုင်နေရပါတယ်။

ရေနွေးပူနဲ့ အပက်ခံရတဲ့ မိန်းကလေးဟာ မျက်နှာအပြင် ပုခုံး၊ ဝမ်းဗိုက်တို့မှာပါ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။  အခုလိုမျိုး မျက်နှာပေါ်ကို ရေနွေးပူနဲ့ ပက်ရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးဘူးလို့  ရဲတွေက ဆိုပါတယ်။

adv_banner