?bph6

Place your ads here!

တရုတ်အနောက်တောင်ပိုင်းမှာ ကားတိုက် မှု ၃၆ ဦးသေ ၁၃ ဦးဒဏ်ရာရ

တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ ရှာအန်ကျီ ပြည်နယ်မှာ မနေ့ညက အဝေးပြေးလမ်းမ ပေါ်မှာ ခရီး သယ်တင်ကားတစ်စင်း မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၃၆ ဦးသေဆုံးကာ ၁၃ ဦးထိ ခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲ့ဒီကားဟာ လူ ၄၉ ဦးကိုတင်ဆောင်လာခဲ့တာဖြစ်ပြီး ဘေကျင်း – ကူးမင်း အဝေးပြေးလမ်းမ ပေါ်က နံပါတ် ၁ Qinling    ဥမင်လှိုင်ခေါင်း အ၀မှာ တိုက်မိခဲ့တာပါ။

ရှေ့ကားက ဥမင်အ၀မှာ ကျော်တက်ဖို့ လက္ခဏာပြခဲ့အတွက်အခုလို တိုက်မိတာ ဖြစ်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေကယူဆနေကြပါတယ်။

အဲ့ဒီအတွက်ကြောင့်  သက်ဆိုင်ရာအဖွဲ့ အစည်းတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကြဖို့ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌနက စေလွှတ်ခဲ့ပါတယ်။

adv_banner