နယ်သာလန်မှာ MH17 လေယာဉ်ပျက်ကျမှု အောက့်မေ့ဖွယ်အခမ်းအနားကျင်းပ

မလေးရှားလေကြောင်းလိုင်း က MH17 လေယာဉ် ပျက်ကျခဲ့တဲ့ အောက်မေ့ဖွယ်အခမ်းအနားအဖြစ် မနေ့က နယ်သာလန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီ လေယာဉ်ဟာ ယူကရိန်းနယ်မြေထဲ ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က ပျက်ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီ အခမ်းအနားကို နယ်သာလန် ဘုရင် Willem-Alexander နဲ့ ဘုရင်မ Maxima ၊ နယ်သာလန် ၀န်ကြီးချုပ် Mark Rutte တို့တိုယ်တိုင် တက်ရောက်ကာ သေဆုံးသွားခဲ့သူတွေရဲ့ နာမည်ကို ရွတ်ဆိုခဲ့ပြီး ၀မ်းနည်းမှုအတွက် တစ်မိနစ်တာငြိမ်သက်မှု ပြုလုပ်ခဲ့ကြပါတယ်။

ဘိုးရင်း ၇၇၇ ဟာ ယူကရိန်းအရှေ့ဘက်ကို ပျက်ကျခဲ့ပြီး လူပေါင်း ၂၉၈ ယောက် သေဆုံးခဲ့တဲ့ ၃ နှစ်ပြည့်တဲ့ နှစ်လည်းဖြစ်ပါတယ်။  အဲ့ဒီ သေဆုံးသွားခဲ့သူတွေထဲမှာ အများဆုံးက နယ်သာလန် နိုင်ငံသားတွေဖြစ်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံက လူတွေပါဝင်ပြီး သြစတြေးလျနိုင်ငံသား ၃၈ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

adv_banner
adv_banner