နိုင်ဂျီးရီးနိုင်ငံရဲ့ ပညာရေးစနစ် တိုးမြှင့်လုပ်ဆောင်ဖို့ မာလာလာတိုက်တွန်း

0
6

နိုဘယ်လ်ဆုရှင် မာလာလာဟာ နိုင်ဂျီးရီးယားမှာ ပညာရေးစနစ် တိုးမြှင့်လာစေဖို့ အာရုံစူးစိုက်သင့် တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

သူမဟာ အာဖရိက အနောက်ပိုင်းနိုင်ငံတွေကို သွားရောက် လည်ပတ် နေတာ ဖြစ်ပြီး အသက်ပြည့်ပြီး ကျောင်းမအပ်နှံဘဲ ရှိနေသေးတဲ့ တိုင်းပြည်ရဲ့ ကလေးငယ် ထက်ဝက်ကျော် ရှိနေသေးတဲ့ အတွက်ကြောင့် အခုလို တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အာဖရိကရဲ့ လူဦးရေများတဲ့ နိုင်ငံတွေမှာ ကျောင်းနေအရွယ်ကလေးငယ် ၁၀ သန်းနီးပါး ရှိပြီး သူတို့ဟာ ကျောင်းတက်ရောက်လေ့ မရှိဘဲ ဖြစ်နေပါတယ်။

အဲ့ဒီအတွက်ကြောင့် နိုင်ဂျီးရီးယားသမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပညာရေးစနစ်မြှင့်တင်ဖို့ မာလာလာက တိုက်တွန်းပြောကြားခဲ့ ပေ့မဲ့ နိုင်ဂျီးရီးယား သမ္မတကတော့ သူမရဲ့ အကြံပြုချက်အပေါ်  တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုခဲ့ ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က နိုင်ဂျီးရီးယား အလယ်တန်း ကျောင်းသူ ၂၀၀ ကျော်ဟာ အစ္စလာမ်မစ် အကြမ်းဖက် ဘိုကို ဟာရမ်တပ်ဖွဲ့တွေရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here