အင်္ဂလန်မှာ ခရုချန်ပီယံ ပြိုင်ပွဲ ကျင်းပ

 အင်္ဂလန်နိုင်ငံမှာ  မှာ ခရုချန်ပီယံ ပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီ ခရု ချန်ပီယံ ပြိုင်ပွဲမှာ ခရုကောင်ရေ ၁၅၀ နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အင်္ဂလန်အရှေ့ပိုင်း ဒေသရဲ့ နှစ်စဉ် ကျင်းပ လေ့ရှိတဲ့ ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။

အဲ့ဒီ ပြိုင်ပွဲဟာ ရိုးရာယဉ်ကျေးမှု ကစားပွဲတစ်ခုဖြစ်ပြီး ၁၉၆၀ ခုနှစ်ကတည်းက စတင် လာခဲ့တာပဲ ဖြစ်ပါ တယ်။စားပွဲဝိုင်းရဲ့ အဖြူရောင် ပိတ်စပေါ်မှာ စက်ဝိုင်း သုံးခု ရေးဆွဲထားပြီး အလယ်က အသေး ဆုံးစက်ဝိုင်းက နေ ခရုတွေကို တန်းစီကာ စတင်ယှဉ်ပြိုင်စေတာ ပဲ ဖြစ်ပါတယ်။ နောက်ဆုံး စက်ဝိုင်းအကြီး မျဉ်းပေါ်ကို ရောက်တဲ့ ခရုက အနိုင်ရရှိတာပဲ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ချန်ပီယံဆုကို ရရှိခဲ့တဲ့ ခရုလေးကတော့ လာရီဖြစ်ပြီး သူ့ကို Castle Acre ကျေးရွာက  အသက် ၄၁ အရွယ် တယ်ရာ ဘရစ်စလီက ပိုင်ဆိုင်တာပဲ ဖြစ်ပါတယ်။

adv_banner