ကားတာရာ ပုံစံတင်သွင်းလာတဲ့ ဆေးခြောက်တွေ အိုဟိုင်းယိုးမှာ သိမ်းဆည်းရရှိ

မက္ကဆီကို ကနေ အမေရိကန် ပြည်ထောင်စု ထဲကို ကား တာရာပုံစံပြုလုပ်ကာ တင်သွင်းလာတဲ့ ဆေးခြောက်တွေကို ပြီးခဲ့တဲ့ တပတ်က သိမ်းဆည်းရရှိခဲ့တယ်လို့ အမေရိကန် ရဲအရာရှိတွေက မနေ့က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

အဲ့ဒီဆေးခြောက်တွေကို အိုဟိုင်းယိုးပြည်နယ်  ကန့်ထ် မြို့ က မီးရထား ဘူတာရုံမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အထုပ်တစ်ထုပ်စီကို ဆေးခြောက်အလေးချိန်  ၁၄.၅ကီလိုဂရမ်  (၃၂ပေါင်)ပါရှိကာ ဒေါ်လာ ၁ သန်း နီးပါး တန်ဖိုး ရှိပါတယ်။  

အဆိုပါ ဆေးခြောက် တွေဟာ မက္ကဆီကို နိုင်ငံကနေ အရီဇိုးနား ပြည်နယ်ကို သင်္ဘောနဲ့ ပို့ဆောင်ကာ အဲ့ဒီကနေ အိုဟိုင်းယိုးပြည်နယ်ကို မီးရထားနဲ့ Ford ကားအတွက် ကားတာရာ အပို ပစ္စည်းတွေအဖြစ် ကားရောင်း ချသူ တွေဆီကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မက္ကဆီကို ကနေ တာရာ ၁၅ ခု ပို့ဆောင်ပေးခဲ့ပြီး ၉ ခုက အိုဟိုင်းယိုးပြည်နယ်ထဲက အရောင်း ကိုယ်စားလှယ် တစ်ဦးစီကို ရောက်ရှိလာကာ ၊ ၁ ခုက Pennsylvania ပြည်နယ်ထဲရောက်ရှိသွားပြီး နောက်ဆုံးကျန်တဲ့  ၅ ခုက အိုဟိုင်းယိုးပြည်နယ်ထဲက Lordstown ကျေးရွာကို ရောက်ရှိသွားတာ ဖြစ်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

adv_banner