ဇိမ်ခံ အပျော်စီးရွက်သင်္ဘော တစ်စင်းမီးလောင်

ပြင်သစ် နိုင်ငံရဲ့ နာမည်ကျော်ကြားလှတဲ့ St Tropez မြို့ က ကမ်းခြေမှာ ဇိမ်ခံ အပျော်စီး ရွက်လှေ တစ်စင်း မနေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးဟာ သင်္ဘောတစ်စင်းလုံးကို လောင်ကျွမ်းနေပြီး ကြီးမားတဲ့ မီးခိုးလုံးကြီးတွေ တက်လာနေခဲ့ပါတယ်။

မီးလောင်မှုဟာ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့ပြီး အဲ့ဒီကမ်းခြေဟာ သူဌေးတွေ ၊ ငွေကြေးလုပ်ငန်းရှင်တွေ နဲ့ နာမည်ကြီးအနုပညာရှင်တွေ လာရောက်အပန်းဖြေတဲ့ နာမည်ကြီးတဲ့ ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။

အဲ့ဒီကမ်းခြေမှာ တစ်ရက်ကို ခရီးသွား ၃ သောင်းလောက် လာရောက် လေ့ရှိပြီး အပျော် စီးရွက်လှေကို စီးနှင်းကာ အပန်းဖြေလေ့ရှိပါတယ်။

မီးဘယ်ကနေ စတင်လောင်ကျွမ်းခဲ့ရလည်းဆိုတာ မသိရသေးကြောင်းနဲ့ အဲ့ဒီ ရွက်သင်္ဘောမှာ ဘယ်လ်ဂျီယံနိုင်ငံ အလံ တပ်ဆင်ထားကြောင်း   မြင်တွေ့ခဲ့တဲ့ ခရီးသွားတွေက ပြောပါတယ်။

adv_banner