?bph6

Place your ads here!

  တောင်ကြားလမ်းမှာ ကား ချောက်ထဲကျ၁၆ ဦးသေ ၂၇ ဦ ဒဏ်ရာရ

အိန္ဒိယနိုင်ငံမှာ ဘုရာဖူးလာတဲ့ ကားတစ်စီး ဒီကနေ့မှာ တောင်ရဲ့ ချောက်ထဲကို ထိုးကျသွားခဲ့ပါတယ်။ ကားထဲမှာလိုက်ပါလာခဲ့တဲ့ လူ ၁၆ ဦး သေဆုံးကာ ၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

အဲ့ဒီကားဟာ ကက်ရှ်မီးယားဒေသမှာ ရှိတဲ့ ဘုရားပွဲတော်ကို  လာရောက်ရင်း တောင်ကြား လမ်းတစ် နေရာမှာ လမ်းချော်ကာ တိမ်းမှောက် သွားခဲ့တာပဲ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိထားသူတွေကို ဆေးရုံပို့ဆောင်ပေးနိုင်ဖို့  လေကြောင်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကြိုးပမ်းဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။

adv_banner