?bph6

Place your ads here!

 မိုဆူးလ်မြို့ဟောင်းကို ရှင်းလင်းရင်း ကလေးငယ် နှစ်ဦးကို တွေ့ရှိခဲ့

အိုင်အက်စ် စစ်သွေးကြွတွေ စွန့်ခွာ ထွက်သွားတဲ့ အီရတ်နိုင်ငံ မိုဆူးလ်မြို့ ဟောင်း အနောက်ပိုင်း မှာ အသက်ရှင် ကျန်ရစ်ရှိနေတဲ့ ဒေသခံတွေကို အီရတ်စစ်သားတွေ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို ရှာဖွေမှုပြုလုပ်နေချိန်မှာ ပဲ ပျက်စီးနေတဲ့ အဆောက်အဦး အုတ်အကျိုးအပျက်တွေကြားမှာ ပိတ်မိနေတဲ့ ကလေးငယ်နှစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ အဆောက်အဦးပျက်တွေကြားထဲက ကလေးငယ်နှစ်ဦး ရဲ့ အော်သံကြောင့် အီရတ်စစ်သားတွေ ရှာဖွေကယ်ဆယ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကလေးငယ်နှစ်ဦးထဲက အမီနာကို ခေါ်တဲ့ မိန်းကလေးငယ်က သူမရဲ့ မိဘနှစ်ပါးလုံးဟာ အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှုထဲ သေဆုံးသွားခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်။

ကလေးငယ်နှစ်ဦးလုံးဟာ အာဟာရပြတ်နေပြီး ခန္ဓာကိုယ်အနှံအပြားမှာလည်း မီးလောင်ဒဏ်ရာတွေ ပြင် တခြား ထိခိုက် ဒဏ်ရာတွေ ရရှိထားတဲ့အတွက်ကြောင်း အစားအစားကျွေးမွေးတာနဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

adv_banner