ဂိုးသမား ဒီဂီယာကို မန်ယူ ၂၀၂၁ ခုနှစ် အထိ စာချုပ်တိုး

0
16

မန်ယူအသင်း ဟာ ဂိုးသမား  ဆာဂျီယို ရိုမီယိုကို ၂၀၂၁ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးမြင့်ချုပ်ဆိုလိုက်ပါတယ်။

 အသက် ၃၀ အရွယ်ရှိ ရိုမီယို ဟာ ၂၀၁၅ ခုနှစ် ဆမ်းဒိုးရီယားကနေ မန်ယူ ကို ပြောင်းရွေလာသူဖြစ်ပါတယ်။ ရိုမီယို ဟာ မန်ယူမှာကစားတဲ့ ၂ နှစ် ကျော်အတွင်း မန်ယူအတွက်ပွဲပေါင်း ၂၈ ပွဲကစားထားပါတယ်။

မန်ယူအသင်း အဓိက ဂိုးသမား ဒီဂီယာ ဟာ မန်ယူ ကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်နေချိန်မှာ မန်ယူအသင်းက ဒုတိယ ဂိုးသမား ရိုမီယိုကိုအသင်းမှဆက်ထိန်းဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ရိုမီယို ဟာ အဓိက ဂိုးသမား ဒီဂီယာနောက်မှ ကစားရပေမယ့် မန်ယူအသင်းအတွက် အရေးပါတဲ့ လက်စွမ်းပြမှုတွေလုပ်နိုင်တဲ့ ဂိုးသမား တစ်ဦးဖြစ်ပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here