?bph6

Place your ads here!

 မြေပြိုကျမှု ဖြစ်ပွားခဲ့တဲ့ နေရာက ခရီးသွား အယောက် ၄၀ ကို ကယ်ဆယ်ခဲ့ရ

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် မှာ ဇူလိုင် ၁၅ ရက်နေ့က မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တာ ကြောင့် ခရီးသွားလာနေကြတဲ့   ခရီးသွား ၄၀ နီးပါးကို သွားရောက်ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီခရီးသွားတွေဟာ ပြိုကျမှု ဖြစ်ပွားတဲ့ နေရာအနီးတစ်ဝိုက်မှာ ရှိတဲ့ လမ်းမ ပေါ်ကို  ကျောက်တုံး တွေပြိုကျလာတဲ့အတွက်ကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပြီး ခရီးသွားတွေ ပိတ်မိနေခဲ့ တာပဲ ဖြစ်ပါတယ်။

ပိတ်မိနေသူတွေထဲ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီလိုမိုးသည်းထန်စွာ ရွာသွန်းမှုတွေဟာ စီချွမ်ပြည်နယ်မှာလည်း ဖြစ်ပွားခဲ့ပြီး သစ်ပင်ပြိုလဲ တာတွေပါ ဖြစ်ပွားခဲ့တာကြောင့် လျှပ်စစ်မီးတွေပါ ဖြတ်တောက်ထားခဲ့ရတာပဲ ဖြစ်ပါတယ်။

adv_banner