?bph6

Place your ads here!

ဆီးရီးယား ကားဗုံးပေါက်ကွဲမှု ကလေးနှစ်ဦးအပါအ၀င် ၅ ဦးဒဏ်ရာရရှိ

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း  Idlib မြို့မှာ မှာ သူပုန်တွေရဲ့ လက်ချက်ကြောင့် ကားတစ်စင်း မနေ့က ဗုံးဖောက်ခွဲခံလိုက်ရပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး အပါအ၀င် လူပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းနေတဲ့ ကားကို မီးသတ်တပ်ဖွဲ့တွေ မီးငြိမ်းသတ်ခဲ့ကြပြီး အဲ့ဒီနေရာဟာ လူစည်ကားသွားလာနေတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဒေသဟာ တူရကီ နယ်စပ်နဲ့ နီးစပ်တဲ့ နေရာဖြစ်ပြီး  ဂျီဟတ်ဝါဒီသမားတွေ ကြီးစိုးတဲ့ ဒေသမှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

adv_banner