ဗင်နီဇွဲလားမှာ မဲပေးဖို့ စောင့်ဆိုင်းတဲ့ လူအုပ်ကို သေနတ်နဲ့ ပစ်

0
9

ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့မှာ မဲပေးဖို့ စောင့်ဆိုင်းတဲ့ လူအုပ်ထဲကို သေနတ်သမားက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အသက် ၆၁ နှစ် အရွယ်  သူနာပြုတစ်ဦးသေဆုံးသွားခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ဖွဲစည်းပုံအခြေခံ ဥပေဒေပြင်ဆင်ရေးနဲ့ အင်စတီကျူးရှင်းတွေ ဖျက်သိမ်းရေးအတွက် နိုင်ငံလုံးကျွတ် ဆန္ဒခံယူပွဲမဲပေးမှုကို ဇူလိုင် ၃၀ ရက်မှာ တရားဝင် ကျင်းပမှာဖြစ်ပေမယ့်လည်း  ဗင်နီဇွဲလားအတိုက်ခံတွေက  ဦးဆောင်ပြီး အကြိုမဲပေးဖို့ ပြုချိန်မှာ အခုလိုမျိုး ပစ်ခံရတာဖြစ်ပါတယ်။

 သေနတ်သမားဟာ ဆိုင်ကယ် စီးလာပြီးမဲပေးမယ့် လူအုပ်ထဲကို သေနတ်ပစ်ခဲ့တာဖြစ်ပါတယ်။ မဲပေးဖို့ စောင့်ဆိုင်းနေတဲ့ လူအုပ် ဟာ အနီးနားက ဘုရားကျောင်းထဲကို ထွက်ပြေးသွားတယ်လို့  မျက်မြင်တွေရ သူတွေကပြောပါတယ်။  

အတိုက်ခံတွေက တော့အခုလိုမျိုး မဲပေးမယ်လူအုပ်ကို သေနတ်နဲ့ ပစ်ခတ်တာ ဟာအကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

ဗင်နီဇွဲလား  ရဲတပ်ဖွဲ့ ဟာ သေနတ်နဲ့ ပစ်ခတ်သူကို စုံစမ်းရှာဖွေနေဆဲဖြစ်တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရဆန်ကျင့်နေရေး ဆန္ဒပြမှုတွေ ဖြစ်လျက်ရှိနေရာ  ဧပြီလနောက်ပိုင်း တည်းက ဆန္ဒပြမှုတွေကြောင့် သေဆုံးခဲ့ရသူ ၁၀၀ ကျော်ရှိခဲ့ပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here