မိုဗစ်ကို မန်ယူ ပြန်စာချုပ်ဖွယ်ရှိနေ

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက အသင်းအနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ တိုက်စစ်မှုး အီဗရာဟီမိုဗစ်ကို စာချုပ်တိုးဖွယ်ရှိတယ်လို့ ပြောလိုက်ပါတယ်။

အသက် ၃၅ နှစ် အရွယ်ရှိ တိုက်စစ်မှုး ဟာ မိုဗစ် ဟာ အသင်းကစာချုပ်သက်တမ်း တိုးတာမရှိလို့ ဇွန် လကုန် မှာအသင်းကနေထွက်သွားပြီဖြစ်ပါတယ်။

မိုဗစ် ဟာ မန်ယူလေကျင့်ရေးကွင်းမှာ သူရဲ့ ဒူးဒဏ်ရာကို ပြန်ကောင်းမွန်အောင်ကုသနေပါတယ်။  မိုဗစ်  ဟာ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လက မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ် ချုပ်ဆိုပြောင်းခဲ့ပြီး မန်ယူအသင်းအတွက်ပွဲပေါင်း ၄၆ ပွဲကစားကာ ၂၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မိုဗစ်ကို လက်ရှိအချိန်မှာ အမေရိကန် မေဂျာလိဂ် အသင်းတွေနဲ့ တရုတ်ကလပ်တွေကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

adv_banner
adv_banner
adv_banner adv_banner