?bph6

Place your ads here!

လက်စတာ စီးတီးပိုင်ရှင်ကို အခွန်တိမ်းရှောင်မှုနဲ့ ထိုင်း စွဲချက်တင်

ထိုင်းအကျင့်ပျက် တိုက်ဖျက်ရေး တာဝန်ရှိသူ တစ်ဦးက ပရီးမီယားလိဂ် ကလပ် လက်စတာ စီးတီး ပိုင်ရှင်ကို အခွန်တိမ်းရှောင်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ပြောပါတယ်။

လက်စတာ စီးတီးပိုင်ရှင်  အေရာယွတ်  ဆရီဗက်ဟာနာ ပရတ်ဟာ ရဲ့အခွန်တိမ်းရှောင်မှု ဟာ ဒုတိယမြောက်ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကလည်း စွဲချက်တင်ခံရတဲ့အမူ ရှိနေပါတယ်။  King Power International   ကုမ္မဏီဟာ အခွန် ထိုင်းဘတ် ၁၇ ဘီလီယံ (ပေါင် ၂၄၆ သန်း) တိမ်းရှောင်ခဲ့တယ်လို့ ထိုင်းအကျင့်ပျက် တိုက်ဖျက်ရေး တာဝန်ရှိသူကပြောပါတယ်။

ထိုင်း အကျင့်ပျက် တိုက်ဖျက်ရေး တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချာနတ်ချိုင်းက လက်စတာ စီးတီးပိုင်ရှင်ဟာ ၂၀၁၆ ခုနှစ်က ထိုင်းလေဆိပ်မှာ အစိုးရက ခွင့်ပြုထားတာထက်ပိုပြီး ပစ္စည်းတွေ သယ်ဆောင်ခဲ့ပေမယ့်  ပေးရမယ့် ထိုင်းဘတ် ၁၄ ဘီလီယံ ပေးချေမှု မရှိခဲ့ဖူးလို့ ပြောပါတယ်။ လက်စတာ စီးတီးပိုင်ရှင်ကတော့ သူအပေါ် စွဲချက်တင်ထားမှုနဲ့ ပတ်သက်လို့ တစ်စုံတရာ တုံ့ပြန်တာမရှိသေးပါဘူး။

adv_banner