?bph6

Place your ads here!

ဘရာဇီးနောက်ခံလူ အဲဗက်စ်   ပီအက်စ်ဂျီအသင်းကို ပြောင်း

ဘရာဇီးနဲ့ ဂျူဗင်တပ်နောက်ခံလူ အဲဗက်စ်ဟာ မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး ပြင်သစ် ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားခဲ့ပါတယ်။

ဘာစီလိုနာ နောက်ခံလူဟောင်း အဲဗက်စ်ကို အစောပိုင်းက ချဲလ်ဆီး၊ မန်စီးတီး၊  ပီအက်စ်ဂျီနဲ့ အခြား ဥရောပ အသင်းတို့က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး  ပီအက်စ်ဂျီကို ပြောင်းဖို့ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။  အဲဗက်စ့်ဟာ  ပီအက်စ်ဂျီအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၃၀၀၀၀  ရမှာဖြစ်ပြီး ၂ နှစ်စာချုပ် လက်မှတ်ထိုးခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဇာဘလာတာ၊ ဆဂ်နာတို့ ထွက်ခွာသွားတာကြောင့် နောက်ခံအစွန်လူ နေရာကို အစားထိုးဖို့ အဲဗက်စ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အဲဗက်စ်ဟာ ဂျူဗင်တပ် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်အသင်းကို စီးရီးအေ အမှတ်ပေးချန်ပီယံနဲ့ ကိုပါဖလား ချန်ပီယံ ဆုရအောင် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

adv_banner