ကွင်းလယ်လူ အိုဇေလ်း  အာဆင်နယ်အသင်းမှာ ဆက်ရှိမယ်

အသင်းပြောင်းမယ်လို့ သတင်းထွက်ခဲ့တဲ့ အာဆင်နယ်အသင်း ကွင်းလယ်လူ အိုဇေလ်းဟာ အသင်းမှာ ဆက်နေဖို့ လိုလားနေပြီး  သြစတြေးလျနဲ့ တရုတ်နိုင်ငံ ခြေစမ်းပွဲက ပြန်လာချိန်မှာ သူရဲ့အနာဂတ်ကို အသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေလုပ်မှာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ်ရှိ ဂျာမနီနိုင်ငံသားဟာ အာဆင်နယ် နဲ့ ၂၀၁၈ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေပေမယ့် အသင်းက ထွက်ခွာမယ်ဆိုပြီး အစောပိုင်းက သတင်းတွေထွက်ခဲ့ပါတယ်။  အိုဇေလ်းက “ကျွန်တော် အသင်းမှာ နေထိုင်ရတာ အဆင်ပြေတယ်။ အနာဂတ်ကို ဆွေးနွေးရမယ်” လို့ ပြောပါတယ်။

အိုဇေလ်းဟာ အာဆင်နယ် အသင်းနဲ့အတူ ချစ်ကြည်ရေး ခြေစမ်းပွဲတွေ ကစားဖို့ သြစတြေးလျ နဲ့ တရုတ်နိုင်ငံကို လိုက်ပါသွားပါတယ်။ အာဆင်နယ်အသင်းဟာ ဇူလိုင် ၁၃ ရက်နေ့မှာ သြစတြေးလျကလပ် ဆစ်ဒနီ  အက်ဖ်စီ၊ ဇူလိုင် ၁၅ ရက်မှာ ဆစ်ဒနီ ဝမ်းဒါးအသင်းတို့နဲ့ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ခြေစမ်းပွဲတွေ ထပ်မံ ကစားသွားမှာ ဖြစ်ပါတယ်။

adv_banner
adv_banner
adv_banner adv_banner