တွစ်တာမှာ ဘလော့ခ်လို့ သမ္မတထရန့်ကို လူ ၇ ဦး တရားစွဲ

လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ တရားစွဲဆိုမှုပေါင်း ၄၀၀၀ ကျော်ကို ရင်ဆိုင်ခဲ့ရကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

အခုလည်း သူဌေးကြီးကနေ နိုင်ငံတော် အကြီးအကဲဖြစ်လာသူ ထရမ့်ကို နောက်ထပ် တရားစွဲဆိုမှု ရှိလာခဲ့ပါပြီ။ တွစ်တာမှာ သူတို့ကို ဘလော့ခ်တဲ့အတွက်ဆိုပြီး လူ ၇ ဦးပါတဲ့ အဖွဲ့တစ်ဖွဲ့က သမ္မတကို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

မစ္စတာထရမ့်ဟာ တွစ်တာကို အလွန်အမင်း သုံးစွဲသူတစ်ဦးဖြစ်ပြီး မဟာမိတ်တွေကို ချီးကျူးတာ၊ ရန်ဘက်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်တာတွေကို သူက တွစ်တာကနေတဆင့် အမြဲလုပ်ဆောင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

အခုတရားစွဲဆိုမှုကို ကိုလံဘီယာတက္ကသိုလ်က လွတ်လပ်စွာပြောဆိုခွင့် လှုပ်ရှားသူ အုပ်စုဖြစ်တဲ့  Knight First Amendment Institute အနေနဲ့ စွဲဆိုလိုက်တာဖြစ်ပါတယ်။

သမ္မတထရမ့်ရဲ့ပို့စ်တွေကို လှောင်ပြောင်တာ၊ ဝေဖန်တာတွေနဲ့ မှတ်ချက်ရေးသားခဲ့ပြီးနောက်မှာ သမ္မတထရမ့် ကိုယ်တိုင် ဒါမှမဟုတ် သူ့ရဲ့လက်ထောက်တွေက မိမိတို့ရဲ့ အကောင့်တွေကို ဘလော့ခ်လိုက်တာဖြစ်ကြောင်း အဆိုပါတရားစွဲဆိုသူ ၇ ဦးက ပြောပါ တယ်။

ဘလော့ခ်လိုက်တာကြောင့် ၄င်းအကောင့် ၇ ခုဟာ ထရမ့်ရဲ့ပို့စ်တွေကို မြင်တွေ့ခွင့်မရတော့သလို ဝေဖန်တုံ့ပြန်လို့လည်း မရတော့ပါဘူး။ အွန်လိုင်း စကားဝိုင်းဖွဲ့ပြောဆိုမှုမှာ ပါဝင်ခွင့်မရအောင် ထရမ့်က ပိတ်ပင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သူတို့က တရားစွဲဆိုတာဖြစ်ပါတယ်။

adv_banner
adv_banner
adv_banner adv_banner