ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ ဂျပန်မှာ လျို့ဝှက်စေ့စပ်ခဲ့

ကိုရီးယားနာမည်ကြီး စုံတွဲဖြစ်တဲ့ မင်းသား ဆောင်းဂျွန်ကီ နဲ့ မင်းသမီး ဆောင်းဟေကိုတို့ဟာ ပြီးခဲ့တဲ့ ဆောင်းဦးပေါက်ကတည်းက ဂျပန်နိုင်ငံက စားသောက်ဆိုင်တစ်ခု မှာ လျို့ဝှက် စေစပ့်ခဲ့တာဖြစ်ပါတယ်။

ဆောင်းဂျွန်ကီက အဲဒီစေ့စပ်ပွဲမှာ ဆောင်းဟေကို ကို လှပတဲ့ ပန်းစည်းတွေ ပေးခဲ့တယ်လို့ ဂျပန်စားသောက်ဆိုင် ဝန်ထမ်းတွေက ပြောပါတယ်။ စေ့စပ်ပွဲကို သူတို့နှစ်ယောက်နဲ့ အရင်းနှီးဆုံး မိတ်ဆွေ၊ သူငယ်ချင်းတွေသာ တက်ရောက်ခဲ့တယ်လို့ ဂျပန်စားသောက်ဆိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

ဆောင်းဂျွန်ကီ နဲ့ဆောင်းဟေကို တို့ဟာ ချစ်သူတွေဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ သတင်းတွေကို ငြင်းဆန်ခဲ့ပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ ချစ်သူတွေဖြစ်တဲ့ အကြောင်းကို ဝန်ခံမှုနဲ့အတူ လာမယ့် အောက်တိုဘာ လကုန်မှာ လက်ထပ်မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။

adv_banner
adv_banner
adv_banner adv_banner