မိုက်ခရိုဆော့ဖ်က အလုပ်သမားတွေ ထောင်နဲ့ချီ လျှော့ချမယ်ဆိုလို့ ဂယက်ရိုက်

မိုက်ခရိုဆော့ဖ် နည်းပညာကုမ္ပဏီက အရောင်းဝန်ထမ်း ထောင်နဲ့ချီ လျှော့ချမယ်လို့ ပြောလိုက်တဲ့အတွက် ဂယက်ရိုက်နေပါတယ်။

အစဉ်အလာ ရောင်းချမှုကို လျှော့ချပြီး အင်တာနက် ကွန်ရက်ပေါ်မှာပဲ ထိန်းသိမ်းတာ၊ စီမံခန့်ခွဲတာ၊ ဒေတာတွေ လုပ်ဆောင်တာတွေလုပ်တဲ့ Cloud computing ကို အာရုံစိုက်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်နိုင်ငံက ဝန်ထမ်းတွေကို လျှော့မယ်ဆိုတာ မပြောပေမယ့် အဓိကအားဖြင့် အမေရိကန် ပြင်ပက ဝန်ထမ်းတွေကို လျှော့ချမှာကတော့ သေချာနေပါတယ်။ ကမ္ဘာတလွှားမှာ မိုက်ခရိုဆော့ဖ် ဝန်ထမ်း ၁ သိန်း ၂ သောင်းကျော် ရှိပြီး ထက်ဝက်က အမေရိကန်မှာ ရှိပါတယ်။

adv_banner