ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို လက်ထပ်ပြီး အတူနေဖို့ ဇိမ်ခံအိမ်ဝယ်

ကိုရီးယားနာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ ဆောင်းဂျွန်ကီ နဲ့ ဆောင်းဟေကိုတို့ စုံတွဲဟာ ကိုရီးယား နာမည်ကြီး အဆိုတော် ရိန်းတို့ စုံတွဲနေထိုင်တဲ့လမ်းက ဇိမ်ခံအိမ်ကို ဝယ်ယူလိုက်ပါတယ်။

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ဟာ အောက်တိုဘာလမှာ တရားဝင်လက်ထပ်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆောင်းဂျွန်ကီဟာ ဆောင်းဟေကိုနဲ့ ချစ်သူတွေ စဖြစ်ချိန် ဇန်နဝါရီလက ရိန်းတို့အိမ်နားက ဇိမ်ခံအိမ်ကို ကိုရီယားဝမ် ၁၀ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

သူတို့ဝယ်ယူခဲ့တဲ့ အိမ်ဟာ ဆိုလ်းမြို့ အီတေးဝမ် လူကုန်ထံ အရပ်မှာ ရှိပါတယ်။ ရိန်းနဲ့ ကင်တေးဟီတို့ စုံတွဲဟာ ဖေဖော်ဝါရီလက လက်ထပ်ခဲ့ပြီး ဝမ် ၄ ဒသမ ၅ ဘီလီယံ တန်ကြေးရှိ အိမ်ကို ဝယ်ယူခဲ့ပါတယ်။ ဆောင်းဂျွန်ကီက သူဟာ ဆောင်းဟေကို နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို အတူရိုက်ကူးချိန်မှာ ဆောင်းဟေကို ပိုမိုအောင်မြင်လာအောင် ကူညီပေးခဲ့ပြီး ဆောင်းဟေကို နဲ့ အတူရှိနေတဲ့ရက်တွေကို ပျော်ရွင်ကျေနပ်တယ်လို့ ပြောပါတယ်။

adv_banner
adv_banner