ဘရာဇီး ကားတိုက်မှု လူ ၂၁ သေဆုံး

0
159

ဘရာဇီးနိုင်ငံ အရှ့တောင်ပိုင်း မှာ ကားမတော်မဆ တိုက်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ၂၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ကားတိုက်မှုဟာ ဇွန် ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ကျောက်တင်ဆောင်လာတဲ့ ကုန်ကားတစ်စီးနဲ့ အိမ်စီး ကားတစ်စီးနဲ့ အရင်ဆုံးတိုက်မိကာ  မီးလောင်ကျွမ်း ခဲ့တာဖြစ်ပါတယ်၊၊ နောက်ထပ် အဲ့ဒီကားရဲ့ အနောက်ဘက် မှာ ရှိနေတဲ့ လူနာတင်ကား တစ်စီး ၊ခရီးသည်တင်ဆောင်လာတဲ့ မီနီ ဗင်ကား တို့ဆီ အဆင့်ဆင့် တိုက်မိခဲ့ တာဖြစ်ပါတယ်။

လူနာတင်ကား မောင်းတဲ့ ဒရိုက်ဘာ နဲ့ လူနာစောင့် သေဆုံးခဲ့ပေမဲ့ လူနာက မသေဆုံးခဲ့ဘဲ ဒဏ်ရာများစွာ ရရှိ ခဲ့တာဖြစ်ပါတယ်။ မီနီဗင်ကားမောင်းတဲ့  ဒရိုင်ဘာပါ သေဆုံးခဲ့ပြီး အဲ့ဒီကားထဲက ခရီးသည် ၅ ယောက်က ပြင်း ပြင်း ထန်ထန် ဒဏ်ရာရှိထားတဲ့ အတွက် သေဆုံးသူ အရေအတွက် တိုးမြင့်လာနိုင်တယ်လို့  ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ကားတိုက်မှုဟာ ကျောက်တင်ဆောင်လာတဲ့ ကုန်ကား  လမ်းမှားမောင်းနှင်မှုကြောင့် ဖြစ်တယ်လို့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတွေက ပြောပါတယ်။

?bph6