ပြည်သူတွေကို ဖိလစ်ပိုင် သမ္မတ တောင်းပန်

0
217

ဖိလစ်ပိုင် သမ္မတ ဒူတာတေးဟာ မာရာဝီမြို့နေ ပြည်သူတွေ ဘေးဒုက္ခရောက်ရမှုအတွက် ပြည်သူတွေကို ပြန်တောင်းပန်လိုက်ပါတယ်။

မာရာဝီ မြို့အတွင်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားမှုအပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အတွက် ပြည်သူတွေကို  ဖိလစ်ပိုင်သမ္မတက တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကယ်ဆယ်ရေး စခန်းတွေကို ကိုယ်တိုင်သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေဆုံခဲ့ပါတယ်။

ဖိလစ်ပိုင် သမ္မတက   အခုလိုမျိုး တိုက်ပွဲတွေ ဖြစ်ရမှုအတွက်များစွာ စိတ်မကောင်းဖြစ်ရပြီး အနာဂတ်မှာ စစ်သားတွေကို နားလည်ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

စစ်သွေးကြွတွေဟာ မာရာဝီမြို့ကို ဖျက်ဆီးနေပြီး အခုလိုမျိုး  စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်မှုမှ လွဲပြီး အခြားရွေးချယ်စရာ မရှိတာကြောင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်တာလို့ ဖိလစ်ပိုင် သမ္မတက ပြောပါတယ်။

မာရာဝီမြို့တွင်းကနေ စစ်သွေးကြွတွေကို မောင်းထုတ်သွားမှာဖြစ်ပြီး မာရာဝီမြို့ပြည်သူတွေ အနေထိုင် အစားအသောက် အခက်ခဲဖြစ်ရတာကို ဝမ်းနည်းမိတယ်လို့ သမ္မတ ဒူတာတေးက ပြောပါတယ်။