အမေရိကန် ဗုံးကြဲလေယာဉ်စစ်ရေးလေ့ကျင့်နေစဉ်အတွင်း ရှုရှားဂျက်လေယာဉ်ကြားဖြတ် ၀င်ရောက်

0
196

အမေရိကန် နဲ့  မဟာမိတ်တပ်ဖွဲ့ တွေ့ရဲဗုံးကျဲ လေယာဉ်တွေ ဘော့တစ်ပင်လယ်ပြင်အတွင်း ပူးပေါင်း စစ်ရေးလေ့ကျင့်နေတဲ့ နေရာကို  ရုရှားဂျက်လေယာဉ်တစ်စင်း ကြားဖြတ်ဝင်ရောက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

ရုရှားဂျက်လေယာဉ် Su-27 ဟာ ဇွန် လ ၉ ရက်နေ့က အမေရိကန်လေတပ်ရဲ့ -52H နဲ့  B-1B  စစ်ရေး လေ့ကျင့်နေတဲ့ လေယာဉ် တွေကြား  ကြားဖြတ်ဝင်ရောက်ခဲ့တဲ့ ဓါတ်ပုံတွေကို အမေရိကန်လေတပ် က ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒီလေ့ကျင့်မှုတွေဟာ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရေရှည်တည်တံစေရန်၊ မဟာမိတ် နိုင်ငံ တွေကို ကူညီနိုင်ရန်နဲ့ ဘော့တစ်ပင်လယ် ဒေသတစ်လျောက်လုံးအကာအကွယ်ရစေဖို့ ပြုလုပ်တာဖြစ်တယ်လို့ အမေရိကန် ဘက်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။