ကမ္ဘာ့အရှည်ဆုံး ကြောင်အဖြစ် ဂင်းနစ်စံချိန်ဝင်ဖို့ ကြိုးစားနေတဲ့ အိုမာ

0
210

ကြောင်ကလေး အိုမာဟာ သြစတြေးလျနိုင်ငံက ကြောင်ကလေးဖြစ်ပြီး ကမ္ဘာ့အရှည်ဆုံးကြောင်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်နိုင်ဖို့အတွက် ပိုင်ရှင်ဖြစ်သူက ကြိုးစားနေတဲ့ ဆိုတဲ့အကြောင်းကို သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

အိုမာလို့ နာမည်ပေးထားတဲ့ ကြောင်ထီးလေးဟာ အရှည် ၁၂၀ စင်တီမီတာရှိပြီး ကိုယ်အလေးချိန်ကတော့ ပေါင် ၃၀ နီးပါး ရှိပါတယ်။

အိုမာဟာ လက်ရှိမှာ အရှည် ၁၁၈ မီတာနဲ့ ဂင်းနစ်စံချိန် ၀င်ထားသူဖြစ်တဲ့ ဗြိတိန် နိုင်ငံက လူဒို လို့ နာမည်ပေးထားတဲ့ ကြောင်ရဲ့ ဂင်းနစ်စံချိန်ကို ကျော်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

အိုမာဟာ မနက် ၅ နာရီမှာ မနက်စာအဖြစ် ပြောင်းဖူးနဲ့လုပ်ထားတဲ့ ကြောင်စာကို စားပြီး၊ ညစာကိုတော့ သားပိုက်ကောင်အသား စားလေ့ရှိပါတယ်။