အမေရိကန်ရေတပ်ကို ကူညီပေးဖို့အတွက် ဂျပန်အကြီးဆုံးစစ်သင်္ဘောစေလွှတ်

0
187

စစ်အင်အားတိုးချဲ့မှုနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာဥပဒေကို အတည်ပြုပြီးနောက်မှာ ဂျပန်အစိုးရဟာ အမေရိကန်ရေတပ်ကို ကူညီဖို့အတွက် အကြီးမားဆုံးဂျပန်စစ်သင်္ဘောကို စေလွှတ်လိုက်ပါတယ်။

ဒေသတွင်းက ရေတပ်ကို လောင်စာဆီဖြည့်တင်းပေးဖို့ ဦးတည်ခုတ်မောင်းနေတဲ့ အမေရိကန်ထောက်ပံ့ရေးသင်္ဘောနဲ့ အတူ ရဟတ်ယာဉ်တွေ တင်ဆောင်ထားတဲ့ ဂျပန်စစ်သင်္ဘော အီဇူမိုက လိုက်ပါခုတ်မောင်းနေပါတယ်။

ကိုရီးယားကျွန်းဆွယ်ကို စေလွှတ်ထားတဲ့အမေရိကန်သင်္ဘောအုပ်စုမှာ အဆိုပါ ဂျပန်သင်္ဘောလည်း အပါအ၀င်ဖြစ်လာပါပြီ။

ဒေသတွင်းတင်းမာမှုတွေ ပြင်းထန်လာချိန်မှာ အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုနဲ့ ရေငုပ်သင်္ဘောတွေကို ပစ်ခတ်နစ်မြှပ် မယ်လို့ မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်ပြောဆိုထားပါတယ်။

နူကလီယားနဲ့ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေကိုရပ်တန့်ဖို့ အမေရိကန်နဲ့အခြားအုပ်စုတွေက ပြောဆိုသတိပေးထားပေမယ့်လည်း မြောက်ကိုရီးယားက ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မအောင်မြင်တဲ့ဒုံးကျည်ပစ်ခတ်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပါသေးတယ်။

၂၄၉မီတာရှည်လျားတဲ့ ဂျပန်စစ်သင်္ဘော အီဇူမိုဟာ ရဟတ်ယာဉ် ၉စင်းအထိ တင်ဆောင်နိုင်ကြောင်း သိရှိရပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရေးဆွဲသဘောတူထားတဲ့ ဂျပန်နိုင်ငံဖွဲ့စည်းပုံဥပဒေအရ မိမိနိုင်ငံကို ကာကွယ်ဖို့ကလွဲပြီး ပဋိပက္ခတွေ ကို စစ်အင်အားသုံးဖြေရှင်းမှုကို တားမြစ်ထားပါတယ်။

ပူပေါင်းခုခံမှုလို့သတ်မှတ်တဲ့စစ်ပွဲမှာ မဟာမိတ်တွေကို ကူညီခွင့်ရှိတယ်ဆိုတဲ့ ဥပဒေကို ၂၀၁၅ခုနှစ်မှာ ဂျပန်နိုင်ငံက အတည်ပြုခဲ့ ပြီးနောက်ပိုင်း အခုထွက်ပေါ်လာတဲ့ အီဇူမိုစစ်သင်္ဘောဟာ စစ်ရေးလေ့ကျင့်မှုပြင်ပမှာ ပထမဆုံးအကြိမ် စစ်ဆင်ရေးထွက်ခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ ၂၀၁၅ခုနှစ်ဥပဒေကြောင့် ဂျပန်နိုင်ငံဟာ နိုင်ငံရပ်ခြားမှာ မလိုအပ်ဘဲ စစ်ပွဲအတွင်း ကျရောက်သွားနိုင်တယ်လို့ ၀န်ကြီး ချုပ်ရှင်ဇိုအဘေးကို ဝေဖန်နေကြပါတယ်။ ၀န်ကြီးချုပ်ရှင်ဇိုအဘေးကတော့ ဝေဖန်သူတွေပြောသလိုမဖြစ်နိုင်ကြောင်း တုံ့ပြန်ပြော ဆိုခဲ့ပါတယ်။