ကင်ဂျုံနမ်လုပ်ကြံခံရမှုမှာ ပါဝင်သူတစ်ဦး ဒေါ်လာ ၉၀ သာ ရရှိခဲ့

0
264

ကင်ဂျုံနမ်လုပ်ကြံခံရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဟာ ဒီကိစ္စမှာ ပါဝင်ဖို့ မလေးရှားရင်းဂစ် ၄၀၀ (အမေရိကန်ဒေါ်လာ ၉၀)သာ ရရှိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆီတီအစ်ယာ့လို့ အမည်ရတဲ့ အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီးဟာ ရယ်စရာအနေနဲ့ ကင်ဂျုံနမ်ရဲ့ မျက်နှာကို “အရေပြားလိမ်းဆီ”အရည်နဲ့ ပက်ပေးဖို့ ဒေါ်လာ ၉၀ ပေးပြီး သူ့ကို ခိုင်းခဲ့တာလို့ ပြောကြားခဲ့တာပါ။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ အဲဒီအမျိုးသမီးကို ကွာလာလမ်ပူမှာရှိတဲ့ အင်ဒိုနီးရှားသံရုံးက တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မလေးရှားရဲတပ်ဖွဲ့က ကင်ဂျုံနမ်ရဲ့ အလောင်းကို ဆေးစစ်ပြီးနောက်မှာ ကင်ဟာ VX လို့ ခေါ်တဲ့ ဖော့စ်ဖရက်စ်ပါတဲ့ ဓာတုပစ္စည်းတစ်မျိုးနဲ့ ပက်ခံခဲ့ရတာလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဓာတုပစ္စည်းကို ကုလသမဂ္ဂအဖွဲ့က အပြင်းစားဖျက်ဆီးရေးလက်နက်အဖြစ် သတ်မှတ်ထားတာပါ။

ကင်ဂျုံနမ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖအေတူ မအေကွဲ အစ်ကိုတော်စပ်သူဖြစ်ပြီး သူဟာ ကင်ဂျုံအန်နဲ့ ခပ်စိမ်းစိမ်းသာ နေလေ့ရှိသူဖြစ်ပါတယ်။ ခုဖြစ်ရပ်မှာ မြောက်ကိုရီးယား အေးဂျင့်တွေ ပါဝင်တယ်လို့လည်း သံသယရှိနေကြပါတယ်။