?bph6

Place your ads here!

အီရတ်နိုင်ငံမှာ IS အဖွဲ့ဝင်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ (၅၁) ဦး သေဆုံး

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကားအရောင်းအ၀ယ် ဈေးကွက်တစ်ခုမှာ ကားဗုံးပေါက်ကွဲမှုတစ်ခု
ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလို ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူပေါင်း (၅၁) ဦး သေဆုံးခဲ့ပြီး (၅၅)ယောက်ကျော် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအခင်းဖြစ်ပွားမှုဟာ ၂၀၁၇ ခုနှစ်အတွင်း အီရတ်နိုင်ငံ ကားဈေးကွက်ကို ဒုတိယအကြိမ် တိုက်ခိုက်တာဖြစ်ပြီး လူသေမှုအများဆုံး ရှိခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

အီရတ်နိုင်ငံမှာ မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ် ပေးနေပြီး အိုင်အက်စ်အဖွဲ့ဝင်တွေဘက်ကလည်း မိုဆူးမြို့ အရှေ့ဘက်ကို အမေရိကန်ညွန့်ပေါင်း တပ်ဖွဲ့ဝင်တွေ ထိုးစစ်ဆင်လာတဲ့အတွက် အခုလို ပြန်လည်တိုက်ခိုက်တာဖြစ်ကြောင်း အွန်လိုင်းကနေ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

adv_banner