စပိန်မှာ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦးက အမြွာလေးနှစ်ဦး မွေးဖွား

စပိန်နိုင်ငံမှာ အသက် ၆၄ အရွယ် အမျိုးသမီးတစ်ဦးက အမြွှာကလေးနှစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားခဲ့ပါတယ်။

စပိန်နိုင်ငံမြောက်ပိုင်းက ဘာဂေါ့စ်မြို့မှာ ဗိုက်ခွဲမွေးခဲ့တာ ဖြစ်ပြီး ကလေးနှစ်ဦးစလုံးလည်း ကျန်းမာတယ်လို့ ပြောပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး အမြွှာလေးတွေဖြစ်ပြီး ယောက်ျားလေးက ၅ ပေါင်ခွဲနီးပါးနဲ့ မိန်းကလေး ငါးပေါင်နီးပါး အလေးချိန် ရှိပါတယ်။

အဲဒီအမျိုးသမီး မီးဖွားတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုလည်း ထွက်ပေါ်ခဲ့ပြီး အမျိုးသမီးရဲ့ နာမည်ကိုတော့ထုတ်ဖော်တာမျိုးတွေ မရှိခဲ့ပါဘူး။

အဲဒီအမျိုးသမီးဟာ အရင်က အမေရိကန်နိုင်ငံမှာ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးကုသမှု ခံယူခဲ့ဖူးတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် သူဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း သမီးလေးတစ်ဦး မွေးဖွားခဲ့ဖူးသူ ဖြစ်ပါတယ်။

adv_banner
adv_banner