ဘရာဇီးအကျဉ်းထောင်မှာ အဓိကရုဏ်းဖြစ်ပွားလို့ အကျဉ်းသား ၆၀ သေဆုံး

ဘရာဇီးနိုင်ငံက အကျဉ်းထောင်တစ်ခုမှာ ထောင်ဆူပူမှုဖြစ်ပွားပြီး အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ အယောက် ၆၀ လောက် သေဆုံးခဲ့ပါတယ်။

brazil

အဲဒီ ထောင်တွင်း အဓိကရုဏ်းဟာ အမေဇုန်ဒေသက အမေဇိုးနားပြည်နယ်၊ မန်နော့စ်မြို့က အကျဉ်းထောင်မှာ “North Family” နဲ့ Fist Capital Command လို့ အမည်ရတဲ့ မူးယစ်ဂိုဏ်းနှစ်ဂိုဏ်းကြား ဖြစ်ပွားခဲ့တာပါ။

အဓိကရုဏ်းဟာ ဇန်နဝါရီလ ၁ ရက်နေ့ညပိုင်းမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ထောင်တွင်း တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း အကျဉ်းသားတွေဟာ ခေါင်းဖြတ်သတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်တာမျိုးတွေ ပြုလုပ်ခဲ့ကြတာပါ။

brazil2

အမေဇိုးနားပြည်နယ် လုံခြုံရေးအကြီးအကဲ ဆာဂျီယိုဖွန်တီစ်ကတော့ ဒီဖြစ်ရပ်အတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကိုလည်း အာဏာပိုင်တွေဘက်က ရှာဖွေနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်နှယောက်ထွက်ပြေးပြီး ဘယ်နှယောက် ကျန်လဲဆိုတာတော့ သေချာမသိသေးပါဘူး။

ဘရာဇီးနိုင်ငံက ထောင်တွေဟာ အကျဉ်းသားတွေ အလွန်အကျွံများပြားနေပြီး သတ်မှတ်ဦးရေထက် ၅၀ ရာခိုင်နှုန်းလောက် ပိုနေတာဖြစ်ပြီး အကျဉ်းထောင်တွေကို ပြင်ဆင်ဖို့ ငွေကြေးအမြောက်အများသုံးစွဲသွားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner