ခွဲစိတ်မှုပြုလုပ်ရင်း ဗိုက်ထဲမှာ ကတ်ကြေးမေ့ကျန်ခဲ့မှန်း ၁၈ နှစ်ကြာမှ သိ

ဗီယက်နမ်နိုင်ငံမှာ အမျိုးသာတစ်ယောက်ကို ခွဲစိတ်ကုသမှုပြုလုပ်ရာမှာ ဗိုက်ထဲ ကတ်ကြေးမေ့ကျန်ခဲ့ပြီး ၁၈ နှစ်ကြာမှ ပြန်ထုတ်နိုင်တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

vietnam

မာဗန်နတ်လို့ အမည်ရတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ ၁၉၉၈ ခုနှစ်မှာ ယာဉ်မတော်တဆ တိုက်တဲ့ဖြစ်ရပ်ကြောင့် ခွဲစိတ်မှုခံယူခဲ့တာပါ။ ဆရာဝန်တွေဟာ သူ့ဗိုက်ထဲက ကတ်ကြေးမေ့ကျန်ခဲ့ကြတာကြောင့် သူဟာ ဗိုက်အောင့်ဝေဒနာခံစားနေရတာ နှစ် ၂၀ နီးပါးရှိပြီလို့ ဆိုပါတယ်။

အဲဒီကတ်ကြေးဟာ ၁၅ စင်တီမီတာလောက်ရှည်ပြီး အမျိုးသားရဲ့ ဝမ်းဗိုက်ထဲက အူမကြီးနားမှာ မေ့ကျန်ခဲ့တာပါ။

မာဗန်နတ်ဟာ နှစ် ၂၀ လောက် ဗိုက်အောင့်ဝေဒနာခံခဲ့ရပေမဲ့ အိပ်တာ၊ စားတာ၊ သောက်တာကတော့ သာမန်လူတစ်ယောက်လိုပဲ နေထိုင်နိုင်ခဲ့တယ်လို့ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနပိုင် Suc Khoe va Doi Song သတင်းဝက်ဘ်ဆိုက်က ဆိုပါတယ်။

မာဗန်နတ်ရဲ့ဗိုက်ထဲကို ကတ်ကြေးကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ သုံးနာရီကြာ ခွဲစိတ်မှုလုပ်ပြီး ဖယ်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။

adv_banner