နီပေါမှာ ကျန်းမာရေးကဏ္ဍ တိုးတက်လာဖို့ ဆရာဝန်တစ်ဦး ၂၂ ရက်ကြာ အစာငတ်ခံ ဆန္ဒပြ

နီပေါနိုင်ငံမှာ ကျန်းမာရေးကဏ္ဍ တိုးတက်လာဖို့ မြို့တော် ခတ္တမန္ဒူက ဆရာဝန်တစ်ဦး ၂၂ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

nepal

အဲဒီ အစာငတ်ခံဆန္ဒပြတဲ့ ဆရာဝန်ဟာ ဒေါက်တာ ဂိုဗင်ဒါကေစီလို့ အမည်ရပြီး သူဟာပြီးခဲ့တဲ့ လေးနှစ်တာ ကာလအတွင်းမှာလည်း မကြာခဏ အစာငတ်ခံဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ကတော့ သူ့ရဲ့ ၁၀ ကြိမ်မြောက် အစာငတ်ခံ ဆန္ဒပြတာ ဖြစ်ပါတယ်။ နောက်နောင်မှာ လိုအပ်လာရင်လည်း ထပ်မံဆန္ဒပြသွားဦးမယ်လို့ ဒေါက်တာ ကေစီက ဆိုပါတယ်။

“နီပေါက ဆေးရုံတွေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ ကောင်းမွန်တဲ့ အဆောက်အအုံတွေ မရှိဘူး။ လုံလောက်တဲ့ လူအင်အားနဲ့ ဆေးဝါးပစ္စည်းတွေမရှိဘူး”လို့ ဒေါက်တာ ကေစီက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ထုတ်ပြန်ချက်အရ လူဦးရေ ၂၈ သန်းရှိတဲ့ နီပေါနိုင်ငံမှာ လူတစ်သောင်းကို ဆရာဝန်နဲ့ သူနာပြုခုနစ်ဦး၊ ဆေးရုံ ခုတင်အရေအတွက် ၅၀ နှုန်းပဲရှိပါတယ်။ ဒါဟာ လူတစ်သောင်းမှာ အနည်းဆုံး ကျန်းမာရေးဝန်ထမ်း ၃၄ ယောက်ရှိရမယ်ဆိုတဲ့ WHO ရဲ့စံချိန်စံညွှန်းထက် နိမ့်ကျနေတာပဲဖြစ်ပါတယ်။

adv_banner