အိန္ဒိယလေယာဉ်တွေပေါ်က လူ့အညစ်အကြေးတွေ ပစ်ချရင် အရေးယူမယ်

0
227

အိန္ဒိယနိုင်ငံက လေကြောင်းလိုင်းတွေအနေနဲ့ လေယာဉ်ပျံသန်းနေစဉ်မှာ အိမ်သာထဲက အညစ်အကြေးတွေကို အောက်ကိုပစ်ချရင် အရေးယူခံရမယ်လို့ တရားရုံးက သတိပေးလိုက်ပါတယ်။

india

အကယ်၍ လေယာဉ်တွေဟာ တားမြစ်ချက်ကို ဖောက်ဖျက်ရင်တော့ လေကြောင်းလိုင်းကို ဒဏ်ငွေ ရူပီး ၅ သောင်း တပ်ရိုက်သွားမှာပါ။

အိန္ဒိယ နိုင်ငံက လေကြောင်းလိုင်းတွေဟာ လေယာဉ်ပေါ်ကနေ အညစ်အကြေးပစ်ချခဲ့တာကြောင့် ဒေလီလေဆိပ်နားက လူတွေနေထိုင်တဲ့ နေရာပေါ် ပြုတ်ကျခဲ့တဲ့အတွက် တရားရုံးက ခုလိုထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးတာဝန်ရှိသူတွေရဲ့အဆိုအရတော့ လေယာဉ်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို လေယာဉ်မော်းနှင်နေစဉ်အတွင်း စွန့်ပစ်နိုင်ပါတယ်။

တရားရုံးအနေနဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးက စည်းကမ်းထိန်းသိမ်းရေးတွေကိုလည်း လေဆိပ်အနီးက နေရာတွေမှာ လေယောဉ်ပေါ် ပါခဲ့တဲ့ အညစ်အကြေးတွေ စွန့်ပစ်တာမျိုးမလုပ်ဖို့ တားမြစ်ထားပါတယ်။