အန္တာတိကတိုက်မှာ ကမ္ဘာ့အကြီးဆုံး အဏ္ဏ၀ါထိန်းသိမ်းရေးဒေသ ကြေညာ

ွှနိုင်ငံပေါင်း ၂၄ နိုင်ငံနဲ့ ဥရောပသမဂ္ဂအဖွဲ့မှ သံတမန်တွေဟာ အန္တာတိကတိုက်မှာရှိတဲ့ ရိုစ်ပင်လယ်ကို ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါ ထိန်းသိမ်းစောင့် ရှောက်ရေးဒေသအဖြစ် သဘောတူခဲ့ကြပါတယ်။

_92114287_pmf_wellerpics_10_raw_km_rm_7035_483713-1

အဲဒီဒေသဟာ ဧရိယာ မိုင် ၆ သိန်း စတုန်ရန်းမိုင် အကျယ်အ၀န်းရှိပြီး စီးပွားဖြစ် ငါးဖမ်းမှုတွေကို ၃၅ နှစ်ကြာ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့လူသားတွေရဲ့ထိတွေ့မှုအနည်းဆုံး အဏ္ဏ၀ါဂေဟစနစ်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သမားတွေက ဒီသတ်မှတ်ချက်ကို ကြိုဆိုခဲ့ကြပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက နိုင်ငံတကာရေပြင်မှာလည်း အခုလို သတ်မှတ်ဇုံတွေပေါ်ပေါက်လာဖို့ မျှော်လင့်နေကြပါတယ်။ အဲဒီလို သဘောတူညီမှုရရှိစေဖို့အတွက် ဥရောပသမဂ္ဂနဲ့ နိုင်ငံများစွာက သံတမန်တွေဟာ နှစ်နဲ့ချီပြီး ဆွေးနွေးခဲ့ကြရတာဖြစ်ပါတယ်။
ရိုစ်ပင်လယ်ဟာ တောင်ပိုင်းသမုဒ္ဒရာထဲမှာ ၂ ရာခိုင်နူန်းလောက်ပဲ ပါဝင်ပေမယ့် ကမ္ဘာပေါ်မှာရှားပါးလှတဲ့ ပင်ကွင်း ၃၈ ရာခိုင်နူန်း၊ အန္တာလန်တိတ်ငှက် ၃၀ ရာခိုင်နူန်းနဲ့ အာန္တလန်တိတ်ဝေလငါး ၆ ရာခိုင်နူန်း ကျက်စားရာဒေသပဲဖြစ်ပါတယ်။

adv_banner