အာရှ Snapchatကို ၀ယ်ယူဖို့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်ကြိုးစား

အာရှတိုက်မှာ အွန်လိုင်းဆက်သွယ်မှု ၀န်ဆောင်မှုပေးတဲ့ Snapchat ကို အမေရိကန်လူမှုကွန်ရက်ကုမ္ပဏီ ဖေ့ဘွတ်ခ်က ၀ယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

download

Snow လို့ အမည်ပေးထားတဲ့ အဲဒီအွန်လိုင်းဆက်သွယ်မှု App ကို နာဗီယာ – Navver ဆိုတဲ့ တောင်ကိုရီးယားကုမ္ပဏီက ဖန်တီးခဲ့တာပါ။ ဒီကုမ္ပဏီက Line app ကို ရေးသားဖန်တီးခဲ့တဲ့ ကုမ္ပဏီပါပဲ။ ဒါပေမဲ့ ငွေကြေးအမြောက်အမြားပုံပေးဖို့ကမ်းလှမ်းတဲ့အပြင် ဇူကာဘတ်ကိုယ်တိုင်က ဖုန်းခေါ်ဆိုပြီး ရောင်းချဖို့ ကမ်းလှမ်းခဲ့တာ ကို နာဗီယာကုမ္ပဏီဘက်က လက်သင့်မခံခဲ့ပါဘူး။ သူတို့ရဲ့အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းက ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကြီးရဲ့ အကူ အညီမပါဘဲ ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ နာဗီယာကုမ္ပဏီက ယုံကြည်ထားကြပါတယ်။

ဒါ့အပြင် Snapchatရဲ့ ခန့်မှန်းတန်ဖိုးကလည်း တရိပ်ရိပ်တက်လာနေပြီး လာမယ့်နှစ်မှာ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံရှိလာမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဇူကာဘတ်က Snapchat ကို အလွယ်တကူအလျော့ပေးမယ့်ပုံမရပါဘူး။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းက အင်စတာ ဂရမ်လို ထုတ်ကုန်မျိုးနဲ့ ပြိုင်ဘက်တွေဆီက အသုံးပြုသူတွေကို ဆွဲယူဖို့အကောင်းဆုံးကြိုးစားသွားမယ့် သဘောရှိနေပါတယ်။

လက်ရှိအချိန်မှာ ဖေ့ဘွတ်ခ်ရဲ့ အဓိကလုပ်ဆောင် ချက်တွေမှာ Snapchat နဲ့ တူညီတဲ့ ဆယ်လ်ဖီစိစစ်မှုတွေ၊ ဓါတ်ပုံတွေက ၂၄ နာရီအတွင်းမှာ အလိုလိုပျောက်ကွယ်သွားတာတွေကိုလည်း ထည့်သွင်း ထားပြီးဖြစ်ပါတယ်။

adv_banner
adv_banner