ဆမ်ဆောင်း ကီးဘုတ်က အီးမေးလ်အတွက် အဆင်မပြေကြောင်း Galaxy S6 နဲ့ S7 ပိုင်ရှင်တွေပြော

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ဆမ်ဆောင်းဖုန်းတွေဖြစ်တဲ့ Galaxy S6၊ Galaxy S6 edge၊ Galaxy S7 နဲ့ Galaxy S7 edge ဖုန်းပိုင်ရှင်တွေက ဆမ်ဆောင်းကီးဘုတ်နဲ့ အီးမေးလ်သုံးရတာ အဆင်မပြေကြောင်း ပြောဆိုမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

14568067_10209818545172684_6865801871584047191_n

“ ကျွန်တော်က I’m လို့ ရိုက်လိုက်တိုင်းမှာ with ဆိုတဲ့စကားလုံးနဲ့အစားထိုးပြီး ကျန်တာတွေကို အလိုအလျှောက်ဖျက်ပစ်တယ်၊ အလိုအလျောက် ပြင်ဆင်တဲ့စနစ်လိုမျိုး စကားလုံးတွေကိုလည်း ပြင်တယ်” လို့ အသုံးပြသူတစ်ဦးက အန်းဒရိုက်ဖိုရမ်မှာ ရေးသားခဲ့ပါတယ်။
“ ကျွန်တော်က နှစ်ကြိမ်ပြန်ကြိုးစားပြီး စာရိုက်ကြည့်တယ်၊ တစ်ဦးတစ်ယောက်က အဝေးကနေ ကိုယ့်ဖုန်းကို သုံးနေသလိုပဲ၊ ဒါနဲ့ ကီးဘုတ်လုပ်ဆောင် ချက်ကို ပြန်ပြင်တယ်၊ ဒါပေမဲ့ ပြဿနာက ရှိနေတုန်းပဲ” နောက်ထပ်သုံးစွဲသူတစ်ဦးက ရေးသားခဲ့ပါတယ်။

အဲဒီအသုံးပြုသူက ဂူဂဲလ်ကီးဘုတ်ကို ပြောင်းလဲသုံးခြင်းဖြင့် အဆင်ပြေသွားကြောင်း ဆက်လက်ရေးသား ဖော်ပြခဲ့ပါတယ်။
ကံဆိုးတဲ့အချက်ကတော့ လက်ရှိအချိန်မှာ အဲဒီချို့ယွင်းချက်ကို ရှာမတွေ့သေးတာပါပဲ။ ဒါပေမဲ့ လူအနည်းငယ်ပဲ ဒီပြဿနာကို ရင်ဆိုင်ခဲ့ရတာပါ။ နည်းပညာကျွမ်းကျင်သူတွေကတော့ ဒါဟာ ကြေညာချက်မထုတ်ပြန်ဘဲ ဆာဗာဘက်ကနေ upgrade လုပ် တာမျိုးလည်း ဖြစ်နိုင်ကြောင်း မှန်းဆထား ကြပါတယ်။

adv_banner
adv_banner