အမေရိကန်မှာ အန္တရာယ်ရှိနေဆဲ အိတ်စ်အိုင်ဗွီ ဗိုင်းရပ်စ်

အမေရိကန်နိုင်ငံမှာ ကိုယ်ခံအားကျဆင်းမှုရောဂါက ယခင်ကလို သတင်းခေါင်းကြီးပိုင်းမှာ နေရာယူနေတဲ့ ခြိမ်းခြောက်မှုကြီး မဟုတ်ပေမယ့်လည်း ခြိမ်းခြောက်မှုအန္တရာယ်ကတော့ ကြီးထွားနေဆဲဖြစ်ကြောင်း ဆေးပညာရှင်တချို့က သုံးသပ်ထားပါတယ်။

hiv-and-how-it-look-like

၁၉၈၀ ပြည့်နှစ်တွေကနေ စတင်ပြီး အိတ်စ်အိုင်ဗွီ ဗိုင်းရပ်စ်မက ကမ္ဘာ့ခြိမ်းခြောက်မှုပြဿနာတစ်ခု ဖြစ်လာခဲ့တာပါ။ အိတ်စ်အိုင်ဗွီကြောင့် သန်းနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ကြရပါတယ်။ လူတန်းစားမရွေးထိခိုက်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာကြီးတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အိတ်စ်အိုင်ဗွီပိုးနဲ့ အသက်ရှင်သန်နေရ သူဟာ ကူးစက်မှုခံရသူဖြစ်ရုံသာမကဘဲ အရှက်တကွဲ အကျိုးနည်းလည်း ဖြစ်ခဲ့ကြရပါတယ်။

အမေရိကန်ရောဂါကုသရေးနဲ့ ကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပျံ့ပွားမှုဖြစ်နေက လိင်စိတ်သာယာမှု နောက်လိုက်ပြီး လိုအပ်တဲ့တားဆီးကွယ်မှုမရှိတဲ့လိင်ဆက်ဆံမှု၊ အဖော်များစွာနဲ့ဆက်ဆံမှုတွေကြောင့် ဖြစ်နေကြောင်းတွေ့ရှိရပါတယ်။ အိတ်စ်အိုင်ဗွီပိုးကူးစက်မှုကို ထိခိုက်ခံစားရလွယ်တဲ့ လူအုပ်စုကတော့ အမျိုးသားချင်းလိင်တူဆက်ဆံသူတွေ၊ လိင်အလုပ်သမားတွေနဲ့ အိတ်စ်အိုင်ဗွီပိုး ရှိတဲ့ မိခင်မှကူးစက်ခံရတဲ့ကလေးငယ် ၉၀ ရာခိုင်နူန်းပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ အိတ်စ်အိုင်ဗွီပိုး စတင်ပျံ့နှံချိန်ကစပြီး နှစ်စဉ် လူပေါင်း ငါးသောင်းခန့် ရောဂါပိုးကူးစက်ခံနေရပါတယ်။ အဲဒီလူအုပ်စုတွေကိ မျိုးနွယ်စု၊ အသက်နဲ့ အပြုအမှုတွေအရအုပ်စွဲခွဲလေ့လာတဲ့အခါမှာ အမျိုးသားချင်းလိင်တူဆက်ဆံသူတွေက ကူးစက်မှုအများဆုံးဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner