ကမ္ဘာပေါ်က ကလေးငယ် ၂ ဘီလျံရဲ့ သုံးပုံတစ်ပုံဟာ ညစ်ညမ်းတဲ့လေကို ရှူရှိုက်နေရ

ကမ္ဘာ့ကလေးငယ် အရေအတွက် ၂ ဘီလျံရဲ့သုံးပုံတစ်ပုံခန့်ဖြစ်တဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့အိမ်နီးချင်းနိုင်ငံတွေမှာ နေထိုင်ကြသူတွေဟာ အဆိပ်သင့်နေတဲ့ လေကိုရှုရှိုက်နေရတာကြောင့် အဆုတ်၊ ဦးနှောက်နဲ့ အခြားအင်္ဂါအစိတ်အပိုင်းများကို ထိခိုက်ပျက်စီးစေမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရကြောင်း ယူနီဆက်ဖ် အဖွဲ့ကပြောကြားခဲ့ပါတယ်။

14915239_10209817418824526_7693676787236625274_n

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကလေးငယ် သန်း ၃၀၀ ခန့်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ လေထုညစ်ညမ်းမှုပမာဏထက် ၆ ဆ ပိုများတဲ့ ပတ်ဝန်းကျင်မှာနေထိုင်ကြရပြီး အဲဒီလိုနေထိုင်ရတဲ့ ကလေးငယ်အရေအတွက်ရဲ့ သန်း ၂၂၀ ခန့်ဟာ တောင်အာရှဒေသက ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့မြို့တော်အတွက်တော့ ကိန်းဂဏန်းတွေက အံ့အားသင့်စရာ မဖြစ်ခဲ့ပါဘူး။ နယူးဒေလီမြို့ရဲ့လေထုညစ်ညမ်းမှုက ကမ္ဘာပေါ်မှာ အဆိုးဆုံးတွေ ထဲက တစ်ခုအပါအ၀င်ဖြစ်ပြီး ရာသီဥတုက လေတိုက်နူန်းနည်းပါးမှုနဲ့ အေးတဲ့ရာသီမှာ လူတွေ နွေး နွေးထွေးထွေးနေနိုင်အောင် အမှိုက်တွေကို မီးပုံရှို့တာ ကြောင့် ဆောင်းရာသီတိုင်းမှာ လေထုညစ်ညမ်းမှုက တိုးပွားလာနေခဲ့ပါ တယ်။

ဒေလီမြို့မှာရှိတဲ့ လေထုညစ်ညမ်းမှုအဆင့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့သက်မှတ်ချက်ထက် အဆပေါင်း ၉၀ ခန့် ပိုများပြားနေပါ တယ်။ ဒါကြောင့် နှလုံးနဲ့အသက်ရှူလမ်းကြောင်း ပြဿနာရှိတဲ့ ငယ်ရွယ်သူတွေနဲ့ သက်ကြီးရွယ်အို နယူးဒေလီမြို့သူမြို့ သား တွေကို ကျန်းမာရေးဌာနက အိမ်အပြင်မထွက် ကြဖို့ နိုးဆော်သတိပေးထားပါတယ်။ နယူးဒေလီနဲ့ အနီးပတ်ဝန်းကျင်ဖြစ်တဲ့ ပန်ဂျပ်ပြည်နယ်နဲ့ ဟာယာနာပြည်နယ်တွေက စိုက်ကွင်းတွေမှာ ကောက်ပဲသီးနှံ တွေ မီးရှို့တဲ့အခါကျရင် လေထုညစ်ညမ်းမှုက ပိုပြီး ဆိုးရွားလာကြောင်း နယူးဒေလီမြို့ကအရာရှိတွေက ပြောပါတယ်။

လေထုညစ်ညမ်းမှုကို ကလေးငယ်တွေက အရွယ်ရောက်ပြီးသူတွေထက် ပိုပြီးခံစားကြရပါတယ်။ အရွယ်ရောက်သူတွေနဲ့ ယှဉ်ရင် ကလေးငယ်တွေက အသက်ရှုရှိုက်တာ နှစ်ဆပိုမြန်ဆန်ပြီး သူတို့ရဲ့ကိုယ်အလေးချိန်ပမာဏအတွင်းမှာ လေကိုပိုပြီးရယူကြရပါတယ်။ ဒါ့အပြင် ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်တွေကလည်း ဖွံ့ဖြိုးဆဲအခြေအနေဖြစ်ပြီး ထိခိုက်လွယ်တဲ့ အနေအထားမှာ ရှိနေကြပါတယ်။

adv_banner
adv_banner