ပိန်သွယ်လွန်းတဲ့ အမျိုးသမီးရဲ့ ဗီဒီယို ဖယ်ချဖို့တောင်းဆိုမှုကို YouTube ငြင်းဆန်

အလွန်တရာပိန်လှီတဲ့ အမျိုးသမီးရဲ့ ဗွီဒီယိုဖိုင်ကို ကျန်းမာရေးအမြင်အရ ကန့်ကွက်သူ ထောင်ပေါင်းများစွာက လက်မှတ်ရေးထိုးပြီး တင်ပြခဲ့ကြပေမဲ့ ယူကျု့ဝက်ဘ်ဆိုက်ဒ်က အဲဒီကန့်ကွက်မှုကို ပယ်ချခဲ့ပါတယ်။

12303096_g

ယူဂျင်းနီးယားကွန်နေးရဲ့ ဗွီဒီယိုဖိုင်က အပိန်လွန်ရောဂါကို ပရိုမိုးရှင်းလုပ်ရာရောက်တယ်ဆိုတဲ့ စွပ်စွဲကန့်ကွက်တဲ့သတင်းက အွန်လိုင်းမှာ ရေပန်းစား ပျံ့နှံ့သွားခဲ့ပါတယ်။ အသက် ၂၂ နှစ်ရှိသူ ကွန်နေးရဲ့ဗွီဒီယိုတွေဟာ ယူကျုမှာ ကြည့်ရှုသူ ကိုးသိန်းရှိနေပါတယ်။ သူက ဖက်ရှင်၊ မိတ်ကပ်နဲ့ ပေါ့ပ်ယဉ် ကျေးမှုအကြောင်း မှတ်ချက်ပြုပြောဆိုသူပါ။

ကန့်ကွက်သူတွေက ကွန်နေးရဲ့ပရိတ်သတ်အများစုဟာ ဆယ်ကျော်သက်မိန်းကလေးတွေဖြစ်ပြီး အစားအစာစားသုံးမှုပုံစံ မှားယွင်းတဲ့ ပြဿနာ ဖြစ်လွယ်သူတွေဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ ကန့်ကွက်သူတွေ ကွန်နေးကို စိတ်အနှောင့်အယှက် ဖြစ်စေဖို့ ရည်ရွယ်တာမဟုတ်ဘဲ ကျန်းမာရေးအမြင်အရ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ကွန်နေးရဲ့ဗွီဒီယိုဖိုင်တွေကို ကန့်ကွယ်မှု ပယ်ချခံရပြီးနောက်မှာ အခုဖြစ်စဉ်အတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ သူဟာ ကျန်းမာသူတစ်ဦးဖြစ်ကြောင်း ယူကျု့ဗွီဒီယိုဖိုင်ကနေတစ်ဆင့် ပြောဆိုရာမှာ ကြည့်ရှုသူ ၇၃၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner