ဗြိတိန်မှာ ကွန်ပျူတာရောင်းဈေး Appleကုမ္ပဏီ မြှင့်တင်

ဗြိတိန်နိုင်ငံမှာ Apple ကွန်ပျူတာများရဲ့ရောင်းဈေးကို ပေါင်ရာနဲ့ချီပြီး Apple ကုမ္ပဏီက မြှင့်တင်လိုက်ပါတယ်။

_92125093_gettyimages-465711872

ပြီးခဲ့တဲ့ကြာသပတေးနေ့က မက်ဘွတ်ခ်ပရိုလက်တော့ပ်အသစ်ကို စတင်မိတ်ဆက်ခဲ့ရာမှာတော့ ဗြိတိန်နဲ့ အမေရိကန်ရောင်း ဈေးအတူတူပဲဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ထုတ်လုပ်ခဲ့တဲ့သက်တမ်း ၃ နှစ်ရှိနေပြီဖြစ်တဲ့ မက်ပရိုအပါအ၀င် အရင်ထုတ်လုပ်ခဲ့တဲ့ကွန်ပြူတာတွေကိုတော့ ပေါင်ရာနဲ့ ချီပြီး Apple က ဈေးမြှင့်လိုက်ပါတယ်။ နောက်ထပ် ဈေးနူန်းတွေ ထပ်မြင့်ဖို့ရှိနေသေးကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

“ ငွေကြေးတန်ဖိုးအပြောင်းအလဲတွေကြောင့် Apple က ဈေးနူန်းကို မဖြစ်မနေ မြှင့်ရမယ့်အခြေအနေဖြစ်နေပါတယ်။ အီးယူဆန္ဒခံယူပွဲကတည်းက ဗြိတိန်ကဈေးနူန်းတွေက ဒေါ်လာနဲ့မကိုက်တော့ပါဘူး” လို့ ဈေးကွက်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ပတ်ထရစ်ခ်အိုဗြန်းက ဆိုပါတယ်။
“ အခြေအနေကတော့ ဖောက်သည်တွေကို ထိခိုက်တဲ့သဘောဖြစ်ပေမယ့် Apple ကို အပြစ်တင်ဖို့ ခက်ပါတယ်” လို့ ပတ်ထရစ်ခ် က ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ နည်းပညာကုမ္ပဏီတွေက သူတို့ရဲ့ဈေးနူန်းတွေကို မြှင့်နေကြပါတယ်။ ဒါဟာ ပေါင်ငွေကြေးတန်ဖိုးကျဆင်းလာတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မတ်လအတွင်းမှာနောက်ဆုံး update လုပ်ခဲ့တဲ့ Apple ထုတ် ဈေးအနည်းဆုံးလက်တော့ပ်ဖြစ်တဲ့ ၁၃လက်မ မက်ဘွတ်ခ်အဲက ၈၄၉ ပေါင်ကနေ ၉၄၉ ပေါင်အထိ ဈေးတက်သွားခဲ့ပါတယ်။
Link –

adv_banner
adv_banner