အ၀တ်ဗလာနဲ့ ဓါတ်ပုံတွေ ခိုးယူမှုနဲ့ မစ္စတာကောလင်းကို ထောင်ဒဏ်ချမှတ်

ကျော်ကြားသူတွေရဲ့အကောင့်တွေကို ချိုးဖောက်ဝင်ရောက်ပြီး အ၀တ်ဗလာဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို ခိုးယူခဲ့မှုနဲ့ အမေရိကန်နိုင်ငံ၊ ပင်နီဗန်နီးယားတရားရုံးက အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်ပါတယ်။

_92122500_9583e533-53d8-4585-81a2-d21f88352c3c

အသက် ၃၆ နှစ်ရှိသူ မစ္စတာရိုင်ယန်ကောလင်းက အဲဒီအမှုအတွက် သူ့မှာအပြစ်မရှိကြောင်း လျှောက်လွှဲချက်ပေးခဲ့ပါတယ်။ သူဟာ လူပေါင်း ၆၀၀ကျော်ရဲ့ အကောင့်တွေကို ခိုးယူခဲ့သူဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီးတွေဖြစ်တဲ့ ဂျနီဖာလောရင့်၊ ကိတ်အက်တန်၊ စကားလက်ဂျိုဟန်ဆန်နဲ့ ခရစ္စတန်ဒန့်တို့အပါအ၀င် သားကောင် တွေဆီကို ဂူဂဲလ်နဲ့ Apple ကုမ္ပဏီကပို့တဲ့ မေးလ်အနေနဲ့ လှည်ဖျားပြီး ပို့ခဲ့ပါတယ်။

သူ့ရဲ့သားကောင်တွေက အမှန် တကယ် ဂူဂဲလ်နဲ့ Apple က ပို့တဲ့မေးလ်တွေလို့ ယူဆပြီး တုံ့ပြန်ဖြေဆိုပေးဖို့ လုပ်ဆောင်ကြတဲ့အချိန်မှာ သူတို့ရဲ့ မေးလ်အကောင့်တွေ အခိုးခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ဓါတ်ပုံတွေကို ၀င်ရောက်ရယူမှုကြောင့် ကောလင်း အရေးယူခံခဲ့ရ ပါသေးတယ်။ အဲဒီဖြစ်စဉ်ကို ဆယ်လီဂိတ်ဆိုက်ဘာရာဇ၀တ်မှုလို့ အမည်ပေးခဲ့ကြပါတယ်။

ကောလင်းက အနည်းဆုံး iCloud အကောင့် ၅၀ နဲ့ ဂျီမေးလ်အကောင့် ၇၂ ခုလောက်ကို ရယူခဲ့တာဖြစ်ပါတယ်။ ဟတ်ကာတစ်ဦး ဖြစ်သူကောလင်းက email.protection318@icloud.com၊ noreply_helpdesk0118@outlook.com နဲ့ secure.helpdesk0119@gmail.com တွေကို သုံးစွဲပြီး ၀န်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေရဲ့လုံခြုံရေးအကောင့်ပုံစံနဲ့ မေးလ်တွေပို့ပြီး လှည့်ဖျားခဲ့တာဖြစ်ပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner