သစ်သီးဖျော်ရည်က ကြော်ငြာချက်ထဲကလို ဆီးလမ်းကြောင်းပိုးဝင်မှုကို မကာကွယ်နိုင်

ဘယ်ရီးသီးတစ်မျိုးဖြစ်တဲ့ ခရန်ဘယ်ရီဖျော်ရည်က ဆီးလမ်းကြောင်းပိုးဝင်တာကို သဘာဝနည်းလမ်းနဲ့ကာကွယ်နိုင်ကြောင်း ကြော်ငြာရောင်းချနေပေမဲ့ တကယ်တမ်းမှာ ထိရောက်မှုမရှိကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြပါတယ်။

berry

“ ကျွန်တော်တို့ရဲ့လေ့လာမှုက လူနာစောင့်ရှောက်ရေးဂေဟာက အမျိုးသမီးတွေပါပဲ၊ အခြားလေ့လာမှုများစွာကလည်း အခြားအမျိုးသမီးတွေကို စမ်းသပ်ခဲ့ကြပြီးပါပြီ။ ဒါကအကျိုးဖြစ်ထွန်းမှုမရှိပါဘူး” လို့ ဒေါက်တာမန်နီရှာက ဆိုပါတယ်။

“ အမျိုးသမီးတွေအတွက် စားသုံးနေကျအတိုင်း ခရန်ဘယ်ရီးသီးဖျော်ရည်ကို ဆက်သောက်နေကြဖို့ပါပဲ။ ဒါက အကန့်အသတ်နဲ့ အကျိုးဖြစ်ထွန်းမှု မဆိုသလောက်တော့ ရှိကောင်းရှိနေနိုင်ပါတယ်” လို့ ဒေါက်တာမန်နီရှာက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်မှုက အမျိုးသမီးတွေမှာ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ ပြဿနာက ဘတ်တီးရီးယားတွေ ဆီးလမ်းကြောင်းကို ၀င်ရောက်မှုပါပဲ။ ရောဂါလက္ခဏာတွေမှာ ဆီးအိမ်မှာဘာမှမရှိပေမယ့် ဆီးသွားချင်တာ၊ ဆီးသွားချိန်မှာ နာကျင်ပူစပ်တာ၊ အကြိမ်များစွာဆီးသွားတာ၊ ဆီးနည်းနည်းပဲသွားတာနဲ့ ဆီးသွားရင်သွေးပါတာတွေဖြစ်ပါတယ်။

တခါတရံမှာ ကိုယ်ခန္ဓာက ပိုးဝင်တာကို သူ့ဘာသာဖြေရှင်းလိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုက မသက်မသာ ဖြစ်စေပြီး ကျောက်ကပ်တွေဆီကို ပျံ့နှံ့သွားပါက စိုးရိမ်စရာရှိပါတယ်။

adv_banner